ဆာဖာရီဥယျာဉ် – Naypyitaw Zoo and Safari

ဆာဖာရီဥယျာဉ်

ဆာဖာရီဥယျာဉ်(နေပြည်တော်)ကိုတိရစ္တာန်ဥယျာဉ်(နေပြည်တော်)၏မြောက်ဘက်ကပ်လျက် (၂၉၁.၅၂) ဧကပေါ်တွင် တည်ဆောက်ထားပြီး ၊ (၁၂.၂.၂၀၁၁) ရက်နေ့တွင်ဖွင့်လှစ်ပြသခဲ့ပါသည်။ နို့တိုက်သတ္တဝါများအား အာဖရိကဆာဖာရီ ၊ သြစတြေးလျပြကွက် ၊ အာရှပြကွက်ဟူ၍ ပြကွက်(၁၂)ခုနှင့် ကျေးငှက်သတ္တဝါပြကွက် (၁)ခု ၊ စုစုပေါင်း (၁၃)ခုတို့အားသဘာဝအတိုင်းလွှတ်ကျောင်းသည့် စနစ်ဖြင့် ပြသထားလျှက်ရှိပါသည်။ လာရောက်လည်ပတ်သူများ အတွက်လည်း အန္တရာယ်မရှိသည့် တိရစ္ဆာန်များဖြစ်သော ဘို့တစ်လုံးကုလားအုတ် ၊ ကြံ့ဖြူ ၊ မြင်းကျားနှင့် သစ်ကုလားအုတ်များကို လည်းကိုယ်တိုင် အစာကျွေးမွေးရင်း အနီးကပ်ထိတွေ့နိုင်စေရန် အတွက်လည်း ဖန်တီးပေးထားပါသည်။

ပြသထားသော မျိုးစိတ်များအနေဖြင့်−

နို့တိုက်သတ္တဝါ (၁၇)မျိုး - ၁၉၃ကောင် ၊

ကျေးငှက်သတ္တဝါ (၂)မျိုး - (၈)ကောင် ၊

စုစုပေါင်း (၁၉) မျိုး ၊ (၂၁၇)ကောင် မွေးမြူပြသထားရှိပါသည်။

Copyright 2018. All rights reserved.