ကျားဖြူ – Naypyitaw Zoo and Safari

ကျားဖြူ

ဦးခေါင်းမှ ခန္ဓာကိုယ်အရှည်  ၆ပေ - ၈ပေ
ခန္ဓာကိုယ်အလေးချိန် ၃၀၀ ပေါင် - ၆၆၀ ပေါင်
အရွယ်ရောက်ချိန် ၄ နှစ်
ကိုယ်ဝန်ဆောင်ကာလ ၃လခွဲ
မွေးဖွားနှုန်း ၃ကောင်
သက်တမ်း ၂၀ နှစ်
ကျားဖြူ ( Panthera tigris tigris)

တွေ့ရှိရာဒေသ - အိန္ဒိယနိုင်ငံအရှေ့နှင့် မြောက်ပိုင်းတွင် တွေ့ရပါသည်။

သွင်ပြင်လက္ခဏာ - ခန္ဓာကိုယ်တစ်ခုလုံးမှာအဖြူပေါ်တွင် အမည်းအစင်းများ (သို့မဟုတ်) အညိုအစင်းများ တစ်ကိုယ်လုံးပါရှိပါသည်။ မျိုးရိုးဗီဇချိုးယွင်းမှုများကြောင့် ကျားဖြူများတွင် မျက်လုံး စောင်းခြင်း၊ ကျောက်ကပ်တစ်လုံးတည်းပါရှိခြင်း၊ လည်ပင်းလိမ်ခြင်းများ ရှိတက်ကြပါ သည်။

နေထိုင်မှုသဘာဝ - အပူပိုင်းအမြဲစိမ်းတော၊ ထင်းရှူးတော၊ လမုတောနှင့် ခြောက်သွေ့တောများတွင် လှည့် လည်ကျက်စားပါသည်။ မိတ်လိုက်ချိန်မှလွဲပြီး တစ်ကောင်တည်းနေထိုင်လေ့ရှိပါသည်။ ညဖက်တွင် အစာရှာထွက်လေ့ရှိပြီး နေ့ဘက်တွင် အိပ်စက်တတ်သည်။ အချင်းချင်း အနံ့ ဖြင့်သော်လည်းကောင်း၊ အသံဖြင့်သော်လည်းကောင်း ဆက်သွယ်လေ့ရှိကြပါသည်။

အစားအစာ - အသားစားသတ္တဝါဖြစ်ပါသည်။ သမင်၊ ဆိတ် ၊ တောဝက်၊ ကျွဲနွားများကိုဖမ်းယူစား သောက်တတ်သည်။

ထိန်းသိမ်းမှုအဆင့် သတ်မှတ်ချက် - ကမ္ဘာ့ပေါ်တွင် ကျားဖြူမျိုးစိတ်ဟူ၍ သီးခြားမရှိပါ ။ သဘာဝတောထဲတွင် ကျား ဖြူ ကောင်ရေ လုံးဝမရှိပါ။

 

RELATED ANIMALS

Copyright 2018. All rights reserved.