ဆတ်ကျွဲ – Naypyitaw Zoo and Safari

ဆတ်ကျွဲ

ဦးခေါင်းမှ ခန္ဓာကိုယ်အရှည်  ၆ပေ - ၈ပေ
အရွယ်ရောက်ချိန် ၂နှစ်
ကိုယ်ဝန်ဆောင်ကာလ ၇လ မှ ၉ လ
မွေးဖွားနှုန်း ၁ကောင်
သက်တမ်း ၂၀ နှစ်
ဆတ်ကျွဲ (Connochaetes taurinus )

သွင်ပြင်လက္ခဏာ - နှုးခေါ်ဆတ်ကျွဲများသည် ကျယ်ပြန့်သောပုခုံးလက်ပြင်၊ ကျယ်ပြန့်သောနှာခေါင်းများနှင့် နွား များကဲ့သို့ ဦးချို(ဂျို) များပါရှိပါသည်။ ဦးချိုမှာအဖုအထစ်များမရှိဘဲ ကွေး၍ ဝိုက်နေပါသည်။ အထီးများ၏ဦးချိုသည် အမများထက်ပို၍ တုတ်ခိုင်သန်မာပါသည်။ အရွယ်ရောက် အထီးများသည် အမများထက်အရောင်ပိုမဲပါသည်။ ပုခုံးလက်ပြင်နှင့် နောက်ဘက်တွင် အမဲ ရောင်ဒေါင်လိုက်အစင်းများပါရှိပါသည်။

နေထိုင်မှုသဘာဝ - ကင်ညာ၊ အန်ဂိုလာ၊ ဘော့စွာနာ၊ မိုဇင်ဘတ်၊ နမီးဘီး ယား၊ တောင် အာဖရိက၊ ဆွတ်(စ်)ဇာလန်၊ တန်ဇန်နီး ယား၊ ဇန်ဘီယာ၊ ဇင်ဘာဘွေနိုင်ငံတို့တွင်တွေ့ရပါသည်။ ပေါက်ပွားရှင်သန်နေထိုင်ရာဒေသ မျက်ခင်းလွင်ပြင်များ၊ ဆာဗားနားမျက်ခင်းလွင်ပြင်၊ ချုံ ဘုတ်တော၊ ခြောက်သွေ့ဒေသရှိသစ်မာတောများ၊ မိုးရာ သီတွင် မီးတောင်ပြာအငန်ဓာတ်ရှိသောနေရာများတွင် နေ ထိုင်ကျက်စားလေ့ရှိပါသည်။ ခြောက်သွေ့ရာသီများတွင် ရေ အမြဲအပြတ်စီးဆင်နေသည့် ချောင်များ၊ မြစ်များအနီး တွင် နေထိုင်ကျက်စားလေ့ရှိပြီး အလွန်ခြောက်သွေ့သော (သို့မဟုတ်) စိုစွတ်လွန်းသောနေရာများတွင် ကျက်စား နေထိုင်လေ့မရှိပါ။

အစားအစာ - အသီးအရွက်နှင့် မျက်ကိုအဓိကထား စားသုံးပါသည်။ (Herbivore)

ထိန်းသိမ်းမှုအဆင့် သတ်မှတ်ချက် - International Union for Conservation Nature and Natural Resources-IUCN Red List တွင် Least Concern-LC မျိုးသုဉ်းမှုအန္တရာယ် နည်းပါးသေသည့် မျိုးစိတ်စာရင်းတွင် ထည့်သွင်းကာကွယ် ထိန်းသိမ်းထား ရှိပါသည်။ Conservation International Trade In Endangered Species of Wild Flora and Fauna-CITES မျိုး ဆက်ပျက်သုဉ်း လုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်း မန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်းတွင် အဆင့်သတ်မှတ် ထိန်းသိမ်းကာကွယ်ထားခြင်း မရှိပါ။

RELATED ANIMALS

Copyright 2018. All rights reserved.