ပယ်လယ်ဖျံ – Naypyitaw Zoo and Safari

ပယ်လယ်ဖျံ

ဦးခေါင်းမှ ခန္ဓာကိုယ်အရှည်  အထီး (၇.၅)ပေ၊ အမ (၅.၉) ပေ
ခန္ဓာကိုယ်အလေးချိန် အထီး ( ၄၄၀-၆၆၀ )ပေါင်၊
အမ( ၂၆၀ ) ပေါင်
အရွယ်ရောက်ချိန်  အမ ၃ - ၄နှစ် ၊ အထီး ၆ နှစ်
ကိုယ်ဝန်ဆောင်ကာလ ( ၁၁ - ၁၂ ) လ
သက်တမ်း ( ၁၂-၁၈ ) နှစ်
ပယ်လယ်ဖျံ (Arctocephalus pusillus)

အမျိုးအစား - နို့တိုက်သတ္တဝါ(Mammal)

တွေ့ရှိရာဒေသ  - ပင်လယ်ဖျံ မျိုးကွဲ (၂) မျိုးရှိသည်။ A. p. pusillusနှင့်A. p. doriferusတို့ဖြစ်ပါသည္ည်။ မျိုးကွဲနှစ်မျိုးသည် အသွင်ပုံစံချင်းဆင်တူကြပါသည်။ ပင်လယ်ဖျံများသည် ကုန်းမြေနှင့် မဝေးသည့်ပင်လယ် ၊ ကမ်းခြေသောင်ပြင်များနှင့် ကျောက်တောင်ကျောက်ခဲတုံးများပေါသည့် ကျွန်းများတွင် ပျံ့နှံ့ကျက်စားသည် ကိုတွေ့ရလေ့ရှိပါသည်။ အန်ဂိုလာနိုင်ငံ ၊ ဩစတြေးလျတိုက်တောင်ဘက်ပိုင်း နှင့် နမ်ဘီယာနိုင်ငံ ၊အာဖရိ ကတိုက် တောင်ဘက်ပိုင်းတွင် ပျံ့နှံ့နေထိုင်ကျက်စားကြပါသည်။

သွင်ပြင်လက္ခဏာ - အထီးများမှာခန္ဓာကိုယ်အလျား (၇.၅)ပေ အထိရှည်လျား၍  ပေါင် ( ၄၄၀-၆၆၀ )အထိရှိပြီး ၊  အမများမှာခန္ဓာကိုယ်အလျား (၅.၉) ပေ အထိရှည်လျားပြီး ပေါင် ( ၂၆၀ ) အထိ ကိုယ်အလေးချိန်ရှိသည်။ အထီးများသည် အမများထက် ခန္ဓာကိုယ် အရွယ်အစား ( ၂ ) ဆမှ ( ၃ ) ဆ ဝန်းကျင်ခန့်ကြီးမားပါသည်။ အရွယ်ရောက် အထီးများမှာမီးခိုးနက်ရောင်မှ ညိုရောင်ဖြစ်ပြီး ၊ ဝမ်းဗိုက်နှင့် လည်ပင်းတဝိုက်ရှိ အမွှေးကြမ်း များမှာပို၍ မဲနက်ကြပါသည်။

နေထိုင်မှုသဘာဝ - အုပ်စုဖွဲ့နေထိုင်ကျက်စားလေ့ရှိပြီးအုပ်စုတစ်စုတွင် အကောင်ရေ (၅၀၀ မှ ၃၀၀၀) အထိ အုပ်စုဖွဲ့နေထိုင်ကြပါသည်။ ကမ်းရိုးတန်းအနီးလူသူအရောက်နည်းသည့် သောင်ပြင်များတွင် ဆော့ကစားခြင်း ၊ နေပူစာလှုံခြင်းများပြုလေ့ရှိကြပါသည်။ တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်ရာတွင် ရှေ့ရေယက်မှ လက်သည်းများအသုံးပြု၍ သော်လည်းကောင်း ၊ ချွန်ထက်သည့် သွားများဖြင့် ကိုက်၍ သော်လည်းကောင်းတိုက်ခိုက်ခြင်း ၊ ရန်ပြုခြင်းများပြုမှုတတ်ကြပါသည်။ပင်လယ်ဖျံများမှာမြေပြင်တွင် (၁၆၀)ကီလိုမီတာထိသွားလာနိုင်ကြပါသည်။

အစားအစာ - အဓိအားဖြင့် ငါးအမျိုးမျိုးကို စားသောက်လေ့ရှိကြပါသည်။ ပင်လယ်ငှက်များ ၊ ဂဏာန်း၊ ဖျံကောင်ငယ်များနှင့် ပင်ဂွင်းငှက်များကိုလည်း စားသုံးသည်။ 

နိုင်ငံတကာကာကွယ်ထိန်းသိမ်းမှုအဆင့်အတန်း - ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့(IUCN-Red List)တွင် (Least Concern)မျိုးသုန်းမည့် အန္တရာယ်နည်းပါးသည့်ဇီဝမျိုးအဖြစ် ထည့်သွင်း၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားပါသည်။ မျိုးဆက်ပျက်သုန်းလုဆဲတောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များနိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်းမှလည်း  (CITES-Appendix-II)တွင် ထည့်သွင်း၍ထိန်းသိမ်းကာကွယ်မှုအဆင့်အတန်းနောက်ဆက်တွဲ(ခ)ဖြင့် ဖော်ပြ၍ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားပါသည်။ ယခုအခါ ပင်လယ်ဖျံ(Arctocephaluspusillus )များကိုတိရစ္ဆာန်ဥယျာဉ်(နေပြည်တော်) ပင်လယ်ဖျံပြကွက်တွင် မျိုးပွားနိုင်ရန် နှင့် အများပြည်သူများကြည့်ရှု့လေ့လာနိုင်ရန် ပြသထားရှိပါသည်။

RELATED ANIMALS

Copyright 2018. All rights reserved.