ဘို့တစ်လုံးကုလားအုတ် – Naypyitaw Zoo and Safari

ဘို့တစ်လုံးကုလားအုတ်

ဘို့တစ်လုံးကုလားအုတ် (Camelus dromedaries Arabian Camel)

သွင်ပြင်လက္ခဏာ - ခန္ဓာကိုယ်မှာ ဝါညိုနုရောင်ဖြစ်သည်။ လည်ပင်းနှင့်ဦးခေါင်းမှာ ရှည်လျား သည်။မျက်ခုံးထူပြီး မျက်ခွံ ၂ ထပ် ပါရှိသည်။ အမြင်အာရုံနှင့် အနံ့ခံအာရုံ ကောင်းမွန်သည်။ သဲန္တာရတွင် လွယ်ကူစွာ သွားလာနိုင်ရန်အတွက် ခြေထောက်အောက်တွင် သားရေပြားကဲ့သို့အရာပါရှိသည်။ ဘို့မှာ ၇.၉ လက်မရှိပြီး ပေါင် ၈၀ ခန့်ရှိသော အဆီဖြင့် ဖွဲ့စည်းထားသည်။ ၎င်းအဆီ သည် အစာရှားပါးသောအခါ ရေနှင့်စွမ်းအင် အဖြစ်သို့ပြောင်းလဲသွားသည်။

တွေ့ရှိရာဒေသ  - အာရှတိုက်အရှေ့တောင်ပိုင်း၊ မြောက် အာဖရိက၊ သြစတေးလျ၊ လစ်ဗျား၊ အာရေဗီးယား၊ အိန္ဒိယ ခြောက်သွေ့သော ကန္တာရနယ်မြေများတွင် တွေ့ရ သည်။

နေထိုင်မှုသဘာဝ - အုပ်စုဖွဲ့၍နေလေ့ရှိသည်။ အုပ်စုတစ်ခုစီတွင် အကောင် ၂၀ ခန့်ပါဝင်သည်။ အုပ်စုတွင် အထီးများမှ ဦးဆောင်ပြီး အမများမှလည်းပါဝင်သည်။

အစားအစာ - အသီးအရွက်စားသတ္တဝါဖြစ်ပြီး အရွက်များ၊ မြက်ခြောက်၊ အစေ့များ၊ ဆားငံပင်များ နှင့် ဆူးပါသောကန္တာရပေါက်ပင်များလည်း စားသောက်သည်။

ထိန်းသိမ်းမှုအဆင့်သတ်မှတ်ချက် -အာဖရိကနှင့် အာရှတိုက်တို့တွင် အိမ်မွေးတိရစ္ဆာန်ဖြစ်သော်လည်း သြစတေးလျတွင် တောရိုင်းတိရ္ဆာန်အဖြစ်တွေ့ရသည်။

RELATED ANIMALS

Copyright 2018. All rights reserved.