ဦးခေါင်းမှ ခန္ဓာကိုယ်အရှည် | Research in progress |
ခန္ဓာကိုယ်အလေးချိန် | Research in progress |
အရွယ်ရောက်ချိန် | ၄နှစ် - ၆နှစ် |
ကိုယ်ဝန်ဆောင်ကာလ | Research in progress |
မွေးဖွားနှုန်း | Research in progress |
သက်တမ်း | Research in progress |
မြန်မာနိုင်ငံဒေသရင်းမျိုးစိတ်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီ၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တွေ့ရှိရပါသည်။ ကျောခွံသည်ခုံးနေပြီး အညိုရင့်ရောင်(သို့မဟုတ်) အနက်ရောင်ရှိသည်။ ကျောခွံပေါ်ရှိ အကွက်တိုင်းတွင် အဝါရောင် အစင်းများပါရှိပါသည်။ အမြီးအဖျားတွင် ဦးချို(ဂျို) ကဲ့သို့မာကြောသောအကြေခွံပါရှိပါသည်။ ကျောခွံ၏ထိပ်တွင် ကြယ်ပုံ သဏ္ဍန်အမှတ်အသားကို ထင်ရှားစွာတွေ့ရှိရသဖြင့် ကြယ်လိပ်ဟု တင်စားခေါ်ဝေါ်ကြပါသည်။ ထို့အပြင်ကျောခွံပေါ်ရှိ အဝါ ရောင်အစင်းများသည် ပင့်ကူပုံသဏ္ဍန်ဖြစ်နေသောကြောင့် လိပ်ပင့်ကူ ဟူ၍လည်း ခေါ်ဆိုကြပါသည်။ ရွက်ပြတ်တော၊ ဆူခြုံတော၊ အင်တိုင်းတောနှင့် သန်းဒဟတ်တောများတွင် တွေ့ရှိရပါသည်။ အစုံစားလိပ်ဖြစ်ပါသည်။ အသီးအနှံ၊ ကျောရိုးမဲ့၊ ကျောရိုးရှိ သတ္တဝါငယ်များနှင့် အင်းဆက်ပိုးမွှားများကိုလည်း စား သောက် တတ်ပါသည်။ ကြယ်လိပ်၏သက်တမ်းကို စနစ်တကျ မှတ်တမ်းတင်ထားနိုင်ခြင်း မရှိသေးပါ။
Copyright 2018. All rights reserved.