ဦးခေါင်းမှ ခန္ဓာကိုယ် အရှည် | ၅ပေ-၆ပေ |
ခန္ဓာကိုယ် အလေးချိန် | ၃၃၀ပေါင် |
အရွယ်ရောက်ချိန် | ၁နှစ်ခွဲ |
ကိုယ်ဝန်ဆောင်ကာလ | ၇လ-၈လ |
မွေးဖွားနှုန်း | ၁ကောင် |
သက်တမ်း | ၂၀ နှစ် |
သွင်ပြင်လက္ခဏာ - ရွှေသမင်သည် ခွာစုံ နို့တိုက် သတ္တဝါဖြစ်သည်။ ခန္ဓာကိုယ်နှင့် ဥ◌ီးချိုပုံသဏ္ဌာန်ပေါ်မူတည်၍ ပုံသဏ္ဌာန်အမျိုးမျိုး တွေ့ရသည်။ အထီးတွင် ဥ◌ီးချိုပါရှိပြီး အမများတွင် မပါရှိပါ။ အထီးသည် နီညိုရောင်ဖြစ်ပြီး အမသည် အနက်ရောင်သန်းနေသည်။ အမြီးမှာတုတ်သည်။
နေထိုင်မှုသဘာဝ - ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၆၅ မှ ၁၃၁၂ အတွင်းရှိအင်တိုင်းတော၊ ရွက်ပြတ်တော နှင့် ဖုန်ဆိုးတောများအတွင်း နေထိုင်ကျက်စားကြသည်။ အထီးများသည် နွေရာသီတွင် ရွှံ့လူးလေ့ရှိကြပြီး အမများထက် လှည့်လည်ကျက်စားမှု ဧရိယာ အလွန်ကျယ်သည်။ နွေရာသီတွင် အုပ်စုဖွဲ့နေလေ့ရှိသည်။ တစ်နှစ်တစ်ခါ ပုံမှန် ဥ◌ီးချိုချလေ့ရှိကြပြီး ဥ◌ီးချိုချလျှင် နှစ်ဖက်တစ်စုံချသည်။ သ◌ြဂုတ်လလယ်မှစ၍ ဥ◌ီးချိုချသည်။
အစားအစာ - မြက်၊ ဖန်ခါးသီး၊ ဇီးဖြူသီးနှင့် ပင်ပျော့များကို စားသောက်သည်။
ထိန်းသိမ်းမှုအဆင့်သတ်မှတ်ချက် - မျိုးပြုန်းမှုအန္တရာယ်နှင့် အကြီးဆုံး ကြုံတွေ့နေရပြီး မြန်မာနိုင်ငံမှာ ရွှေသမင် အ ကောင်ရေ ၃၀၀၀ခန့်သာ ကျန်ရှိနေတော့သည်ဟုခန့်မှန်းရပါသည်။
Copyright 2018. All rights reserved.