ဦးခေါင်းမှ ခန္ဓာကိုယ်အရှည် | အထီး -၁၈ ပေ၊ အမ - ၁၃ ပေ |
ခန္ဓာကိုယ်အလေးချိန် | ၁၇၅၀ ပေါင် - ၂၈၀၀ ပေါင် |
အရွယ်ရောက်ချိန် | ၅ နှစ် |
မွေးဖွားနှုန်း | ၁ကောင်(တခါတရံ အမွှားမွေးဖွားနိုင်သည်။) |
သက်တမ်း | ၂၀ - ၂၅နှစ် |
တွေ့ရှိရာဒေသ - အာဖရိကတိုက်မြက်ခင်းပြင်နှင့် လွင်ပြင်ဒေသများတွင် အများဆုံးတွေ့ ရသည်။
သွင်ပြင်လက္ခဏာ - ကုန်းနေနို့တိုက်သတ္တဝါများတွင် လည်တံရှည်ပြီး အရပ်မြင့်ဆုံးဖြစ်သည်။
နေထိုင်မှုသဘာဝ - သစ်ကုလားအုတ်အမများသည် အကောင်ရေ (၁၀)ဒါဇင် နှင့်အထက် အုပ်စု ဖွဲ့နေထိုင်လေ့ရှိပြီး သားပေါက်များနှင့်အတူနေလေ့ရှိသည် အရွယ်ရောက် သစ်ကုလားအုတ်အထီးသည်သီးခြားနေလေ့ရှိသည်။ အိပ်ချိန်နည်းသော သတ္တဝါဖြစ်ပြီး တစ်နေ့လျှင် ပျှမ်းမျှ(၂) နာရီခန့်သာအိပ်စက်လေ့ ရှိသည်။ စမြုံပြန်တတ်သောသတ္တဝါဖြစ်သည်။
အစားအစာ - မြက်ခြောက်၊ မုန်လာဥ၊ သစ်ရွက်နှင့် ဆူးပင်များကို စားသုံးသည်။တစ်နေ့လျှင် အစာ(၇၅) ပေါင်စားနိုင်ပြီး ရေတစ်ခါသောက်လျှင် (၁၀) ဂါလံသောက် နိုင်သည်။
ထိန်းသိမ်းမှုအဆင့်သတ်မှတ်ချက် - IUCN Red List အရ မျိုးသုဉ်းမှုအန္တရာယ်နှင့်ရင်ဆိုင်ရမည့် အခြေအနေသို့ရောက်သွားနိုင်သောသတ္တဝါဖြစ်သည်။
Copyright 2018. All rights reserved.