ဟမ်းဘို့စ်ပင်ဂွင်း – Naypyitaw Zoo and Safari

ဟမ်းဘို့စ်ပင်ဂွင်း

ဦးခေါင်းမှ ခန္ဓာကိုယ်အရှည် ( ၂၆ - ၂၈ ) လက်မ
ခန္ဓာကိုယ်အလေးချိန်  ၁၀ ပေါင်
အရွယ်ရောက်ချိန် ( ၂ - ၇ ) နှစ်
ကိုယ်ဝန်ဆောင်ကာလ ( ၄၀ -၉၀ ) ရက်
သက်တမ်း (၁၀ - ၁၅) နှစ်
ဟမ်းဘို့စ်ပင်ဂွင်း (Spheniscushumboldt)

အမျိုးအစား - ကျေးငှက်သတ္တဝါ

ပျံ့နှံ့ကျက်စားရာဒေသနှင့် နေရင်းဒေသ - ပင်ဂွင်းငှက်များအား တောင်အမေရိကတိုက်ရှိပီရူး ၊ချီလီနိုင်ငံကမ်းခြေတစ်လျှောက်နှင့် ပစိဖိတ်သမုဒ္ဒရာ အရှေ့တောင်ဘက် ကမ်းခြေတွင် တွေ့ရပါသည်။

သွင်ပြင်လက္ခဏာ - ပင်ဂွင်းငှက်မျိုးများထဲတွင် အလတ်စားအရွယ်ဖြစ်ပြီး ကိုယ်ထည်အလျား ( ၂၆ - ၂၈ ) လက်မ ၊ အမြင့် ( ၁၈ ) လက်မ နှင့် အလေးချိန် ( ၁၀ ) ပေါင်ခန့်သာရှိပါသည်။ ကိုယ်ထည်ကျောဘက်ပိုင်းနှင့် ရေယက်ပိုင်းသည် အနက်ရောင်ဖြစ်ပြီး ကိုယ်ထည်ရှေ့ပိုင်းမှာ အဖြူနှင့် မီးခိုးရောင်ဖြစ်သည်။ ခြေထောက်များတွင် ဘဲခြေကဲ့သို့ ရေယက်ပါရှိပြီး ခြေချောင်းများအကြား အရေခွံဆက်နေပါသည်။

နေထိုင်မှုသဘာဝ - ဖိုမစုံတွဲဖြစ်စေ ၊ အုပ်စုဖွဲ့၍ဖြစ်စေ နေထိုင်လေ့ရှိကြပါသည်။ တစ်ခါတစ်ရံ အုပ်စု ကြီးများဖြင့် တွေ့ရှိရပါသည်။ မပျံသန်းနိုင်သည့် ငှက်မျိုးထဲတွင် ပါဝင်သည်။ ရေငုပ်ကျွမ်းကျင်၍ လျှင်မြန်စွာရေငုပ်ကူးခတ်နိုင်ရန် ခန္ဓာကိုယ်နှင့်အတောင်ပံများကအထောက်အကူပြုပါသည်။ အဓိကတောင်ပံခတ်အားဖြင့် ရေအောက်တွင် လျှင်မြန်စွာကူးခတ်နိုင်ပါသည်။ အမြန်ဆုံးအနေဖြင့် တစ်နာရီ ၂၀မိုင်နှုန်း ကူးခတ်နိုင်ပါသည်။ ခြေထောက်နှင့် အမြှီးတို့သည် လမ်းကြောင်းထိန်းသိမ်းခြင်းကို ဆောင်ရွက်ပေးကြပသည်။

အစားအစာ - အရွယ်ရောက်ပင်ဂွင်းများသည် ပင်လယ်ကမ်းစပ်အနီးကျက်စားသည့် ငါးမျိုးစုံ (အရွယ်သေး)များအားစားသောက်ပါသည်။ ငါးအပြင် ခရု၊ ယောက်သွား၊ ကင်းမွန်၊ ပြည်ကြီးငါးတို့အားစားသောက်လေ့ရှိပါသည်။ ၎င်းတို့ကျက်စားနေရာနှင့် မိုင် ၂၀ ခန့်အထိလှည့်လည် ရှာဖွေစားသောက်တတ်ပါသည်။ ကျန်ရေသတ္တဝါငယ်များကိုလည်း စားသုံးပါသည်။

နိုင်ငံတကာကာကွယ်ထိန်းသိမ်းမှုအဆင့်အတန်း - ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (IUCN-Red List)တွင် (Vulnerable-VU) မျိုးစက်ပျက်သုဥ်းလုနီးပါးမျိုးသုဥ််းလုနီး အန္တရာယ်ရှိသောဇီဝမျိုးအဖြစ် ထည့်သွင်း၍ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားပါသည်။ မျိုးဆက်သုဉ်းလုနီးပါးရှိသဖြင့် နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်းမှလည်း (CITES-Appendix-I)တွင် ထည့်သွင်း၍ ထိန်းသိမ်းကာကွယ်မှု အဆင့်အတန်းနောက်ဆက်တွဲ(က)ဖြင့် ဖော်ပြ၍ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားပါသည်။ ယခုအခါ ဟမ်းဘို့ပင်ဂွင်းငှက် (Spheniscus Humboldt) များကိုတိရစ္ဆာန်ဥယျာဉ်(နေပြည်တော်) ၊ ပင်ဂွင်းပြကွက်တွင် မျိုးပွားနိုင်ရန် နှင့် အများပြည်သူများကြည့်ရှု့လေ့လာနိုင်ရန် ပြသထားရှိပါသည်။

RELATED ANIMALS

Copyright 2018. All rights reserved.