ဝါလာဘီသားပိုက်ကောင် – Naypyitaw Zoo and Safari

ဝါလာဘီသားပိုက်ကောင်

ဦးခေါင်းမှ ခန္ဓာကိုယ်အရှည် ( ၃-၃.၅ ) ပေ
ခန္ဓာကိုယ်အလေးချိန် ၂၀ - ၃၀ ပေါင်
အရွယ်ရောက်ချိန်  ၂ နှစ်
ကိုယ်ဝန်ဆောင်ကာလ ၂၇ - ၃၇ ရက်
မွေးဖွားနှုန်း ၃ကောင်
သက်တမ်း ၁၅ နှစ်
ဝါလာဘီသားပိုက်ကောင် (Macropus rufogriseus)

အမျိုးအစား - နို့တိုက်သတ္တဝါ

ပျံ့နှံ့ကျက်စားရာဒေသနှင့် နေရင်းဒေသ - လည်ပင်နီ ဝါလာဘီသာပိုက်ကောင်များသည် သြစတြေးလျှတိုက်၏ ဒေသရင်းမျိုးစိတ် ဖြစ်ပါသည်။ ‌‌‌ယေဘုယျအားဖြင့် ယူကလစ်သစ်တောများ ဖုန်းဆိုးတောများနှင့် မြက်ခင်းလွင်ပြင်များချုံဘုတ်တောလူတို့စိုက်ပျိုးထားသော စိုက်ခင်းဧရိယာများတွင် နေထိုင်ကျက်စားကြပါသည်

အလေ့အထ - အခြားသော သားပိုက်ကောင်များနည်းတူ လည်ပင်းနီ ဝါလာဘီသားပိုက်ကောင်များသည် နောက်ခြေထောက် နှစ်ချောင်း နှင့် အမြှီးထောက်ပြီး မတ်တတ်ရပ်လေ့ရှိကြပါသည်။ ၎င်းတို့သည်အများအားဖြင့် ညနေခင်းပိုင်းတွင် ကျင်လည်ကျက်စားလေ့ရှိကြပါသည်။ နေ့ခင်းဘက်တွင်မူ နာရီပေါင်းများစွာအိပ်စက် အနားယူလေ့ ရှိကြပါသည်။ ပူပြင်းသည့်ရာသီတွင် လက်နှင့် လက်ဖျံများကို လျှာဖြင့်လျက်၍ ခန္ဓာကိုယ် ကိုအေးမြအောင် ဖန်တီးတတ်ကြပါသည်။  တစ်ကောင်တည်း နေထိုင်လေ့ရှိသော်လည်း အစာစားသည့် စားကျက်များတွင်မှု အကောင်ရေ ၃၀ ခန့်အထိ အတူတကွ စားသောက်နေထိုင်သည်ကို တွေ့ရှိရပါသည်။

သွင်ပြင်လက္ခဏာ -လည်ပင်နီ ဝါလာဘီသားပိုက်ကောင်များသည် အမည်နှင့်လိုက်ဖက်အောင်ပင် သူတို့၏ ဂုတ်ပိုးနှင့် လက်ပြင်တို့တွင် အနီရောင်အမွေးများပါရှိပါသည်။ ကျန်ခန္ဓာကိုယ် အစိတ်အပိုင်းများဖြစ်သည့် ရင်ဘတ်နဲ့ ဝမ်းဗိုက်တွင် အဖြူရောင်ပါရှိပါသည်။ အမြီး၏အပေါ်ပိုင်းတွင် မိးခိုးရောင်ရှိပြီး အောက်ပိုင်းမှာ အဖြူ ရောင်ရှိပါသည်။ နုတ်သီးမှာအညိုရင့်ရောင်ရှိပြီး နားရွက်မှာ အခြားသော သားပိုက် ကောင်မျိုးစိတ်များထက် ပိုမိုရှည်လျားကြပါသည်။ လည်ပင်းနီဝါလာဘီ သားပိုက်ကောင်မျိုးသည် သားပိုက်ကောင်မျိုးရင်းတွင် အလတ်စားအရွယ် ပမာဏရှိသည်။

အစားအစာ- - သီးအရွက်စားသတ္တဝါဖြစ်သည်။ အဓိကအားဖြင့် မြက်များ ၊ အပင်ပုများ နှင့် သစ်သီး များအား စားတတ်သည်။

နိုင်ငံတကာကာကွယ်ထိန်းသိမ်းမှုအဆင့်အတန်း - ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (IUCN-Red List)တွင် (Least concern) မျိုးသုန်းမည့် အန္တရာယ်နည်းပါးသည့်ဇီဝမျိုးအဖြစ် ထည့်သွင်း၍ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားပါသည်။ ယခုအခါ ဝါလာဘီသားပိုက်ကောင်(Macropus rufogriseus)များကိုတိရစ္ဆာန်ဥယျာဉ်(နေပြည်တော်) ၊ ဝါလာဘီပြကွက်တွင် မျိုးပွားနိုင်ရန် နှင့် အများပြည်သူများကြည့်ရှု့လေ့လာနိုင်ရန် ပြသထားရှိပါသည်။

RELATED ANIMALS

Copyright 2018. All rights reserved.