ကမ္ဘာ့ပင်ဂွင်းများနေ့
(World Penguin Day) 25 April
🗓️နှစ်စဉ် ဧပြီလ(၂၅) ရက်နေ့သည် ကမ္ဘာပေါ်တွင် အထူးခြားဆုံးနှင့် မပျံသန်းနိုင်သော ရေနေငှက်တစ်မျိုးဖြစ်သည့် ချစ်စဖွယ်လမ်းလျှောက်ပုံစံတို့ကြောင့် လူအများက စိတ်ဝင်တစား ချစ်ခင်ကြသော ပင်ဂွင်းငှက်လေးများအကြောင်းကို ဗဟုသုတရရှိစေရန်၊ ပင်ဂွင်းငှက်လေးတို့နေထိုင်မှု သဘာဝကိုနားလည်စေရန်နှင့် ပင်ဂွင်းငှက်လေးတို့၏ နေထိုင်ရာအသိုက်အမြုံလေးတွေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရန် အသိပညာမျှဝေပေးသည့် နေ့တစ်နေ့ပဲဖြစ်ပါတယ်။ 🙆💚
🥰🥰ပင်ဂွင်းငှက်လေးများသည် တောင်ပံအစား ရေကူးတွင်ကူးခတ်နိုင်စေရန် ရေယက်များသာ ပါရှိပြီး မပျံသန်းနိုင်သော ရေနေငှက်တစ်မျိုးပဲဖြစ်ပါတယ်။ ပင်းဂွင်းငှက်လေးတို့၏ခန္ဓာကိုယ်သည် ရေကူး နိုင်ရန်နှင့် ရေငုပ်နိုင်ရန်အတွက် လိုက်လျောညီထွေရှိသည့် ပုံစံရှိပြီး အချို့သော ပင်ကွင်းမျိုးစိတ် များသည် တစ်နာရီလျှင် (၁၅) မိုင်နှုန်းခန့် ကူးခပ်နိုင်ပါတယ်။ ပင်ဂွင်းငှက်လေးများသည် ကြီးမား သည့်ဦးခေါင်းနှင့် တိုသောလည်ပင်း၊ ရှည်လျားသည့်ခန္ဓာကိုယ်ပုံစံရှိပြီး မာကြော၍တိုသည့်အမြှီး သည် ကောင်းစွာမတ်တပ်ရပ်နိုင်စေရန်နှင့် ခန္ဓာကိုယ် ဟန်ချက်ညီစေရန် အထောက်အကူ ပြုပေးပါတယ်။ ချစ်စရာပင်ဂွင်းငှက်ငယ်လေးများသည် အနက်ရောင် ကိုယ်ထည်နှင့် အဖြူရောင်ဝမ်းဗိုက်ရှိပြီး မျိုးစိတ်ကွဲ တစ်မျိုးချင်းစီအလိုက် ကွဲပြားခြားနားသည့် အရောင်နှင့်ပုံစံမျိုးရှိကြပါတယ်။ 💁💚
👉ပင်ဂွင်းမျိုးစိတ် (၁၈) မျိုးတွင်၊ ပင်ဂွင်းမျိုးစိတ် (၁) မျိုးမှလွဲ၍ ကျန်မျိုးစိတ်အားလုံးသည် ကမ္ဘာ့တောင်ဘက်ခြမ်း တောင်ဝန်ရိုးစွန်းဒေသတွင် နေထိုင်ကြပြီး မျိုးစိတ်(၁၀)မျိုးသည် အန္တာ တစ်ဒေသ (သို့မဟုတ်) အန္တာတိတ်စက်ဝန်း အနီးအနားတွင် နေထိုင်ကြပြီး ကျန်သော ပင်ဂွင်း မျိုးစိတ်များမှာ သြစတြေးလျနှင့် နယူးဇီလန်၊ အာဖရိကကမ်းရိုးတန်း၊ တောင်အမေရိက နှင့် ဖော့ကလန်ကျွန်းများ၊ Tristan da Cunha၊ တောင်ဂျော်ဂျီယာနှင့် Sandwich ကျွန်း တောင် ပိုင်းတို့တွင် နေထိုင်ကြပါတယ်။ 🙌💚
🌍ယခုအခါ ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုကြောင့် ကမ္ဘာကြီး၏ အပူ ချိန်သည် ပုံမှန်မဟုတ်သောနှုန်းများဖြင့် မြင့်မားစွာတိုးလာနေသောကြောင့် အန္တာတိကတိုက်ရှိ ရေခဲများသည် အဆက်မပြတ် အရည်ပျော်ဆင်းနေပြီး ပင်ဂွင်းများနှင့် ဝင်ရိုးစွန်းဒေသရှိ ဝက်ဝံများ အပါအဝင် အခြားသောတိရစ္ဆာန်များစွာ၏ နေရင်းဒေသများစွာ ဆုံးရှုံးနေလျှက်ရှိနေပါတယ်။ ပင်ကွင်း မျိုးစိတ် (၁၈) မျိုးရှိသည့် အနက် (၁၁) မျိုးမှာ မျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေ ရသည့်အတွက် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (IUCN) မှ မျိုးသုဉ်းမည့်အန္တရာယ်ရှိ မျိုး စိတ်စာရင်းတွင် ထည့်သွင်းထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားခြင်းဖြစ်ပါတယ်။ 💚💚
🌊ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာမှုတို့ကြောင့် ပင်ဂွင်းငှက်လေးများ၏ နေရင်း ဒေသများ တစ်ဖြည်းဖြည်းလျော့နည်းပပျောက်လာသည့်အတွက် အစာရေစာနှင့် လုံခြုံမှုရရှိနိုင် သည့်နေရာများသို့ ပြောင်းရွေ့နေထိုင်လာရန် အခြေအနေများဖြစ်ပေါ်လာပါတယ်။ 🤦♀️
✨ပင်ကွင်းငှက်လေးများ၏ အသိုက်အမြုံလေးများ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ကျွန်တော်တို့ လူသားများအနေနှင့် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်ပေါ်ပြောင်းလဲလာသည့် ရာသီဥတုအား ဝိုင်းဝန်း ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည်ကို လူအများမှ အလေးပေးစဉ်းစားရမည် ဖြစ်ကြောင်းကို အသိပေးလိုသော ရည်ရွယ်ချက်ဖြင့် ရေးသားရင်း ချစ်စဖွယ် လမ်းလျှောက်ပုံကလေး များ နှင့် လူအများ၏စိတ်နှလုံးကို ရွှင်မြူးစေနိုင်သော ပင်းဂွင်းငှက်ကလေးများကို တိရစ္ဆာန်ဉယျာဉ်( နေပြည်တော် ) တွင် လာရောက်ကြည့်ရှုလေ့လာဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင် ။🙇♀️💚💚
--------------------------------------------------
World Penguin Day – April 25
Every year on April 25, World Penguin Day is observed to raise awareness about penguins one of the most unique, flightless aquatic birds on Earth. These charming creatures, known for their adorable waddling walk, have captured the hearts of people around the world. This day aims to increase knowledge about penguins, help people understand their natural habitats, and promote efforts to protect and conserve the environments they live in.
Penguins are flightless birds with flippers instead of wings, which help them swim rather than fly. Their bodies are streamlined for efficient swimming and diving. Some penguin species can swim at speeds of up to 15 miles per hour. Penguins have large heads, short necks, elongated bodies, and short, stiff tails that aid in balance and upright posture. Most penguins have black backs and white bellies, with each species varying slightly in color and markings.
Out of the 18 penguin species, all but one live in the Southern Hemisphere, especially in and around the Antarctic region. Ten species are found near Antarctica, while the rest inhabit places such as Australia, New Zealand, the southern coasts of Africa and South America, the Falkland Islands, Tristan da Cunha, South Georgia, and the southern Sandwich Islands.
Today, due to climate change, global temperatures are rising at an abnormal rate, causing continuous melting of ice in Antarctica. As a result, penguins—as well as other animals like polar bears that live in polar regions are facing the loss of their natural habitats.
Of the 18 penguin species, 11 are currently facing the risk of extinction. The International Union for Conservation of Nature (IUCN) has listed these species as endangered and is taking steps to protect and conserve them.
As penguin habitats gradually shrink due to the changing climate, these birds are being forced to relocate to areas where they can still find food and safety. This highlights the increasing pressure on penguins to adapt to a warming world.
Therefore, on this World Penguin Day, it is important for us as human beings to reflect on how we can collectively address climate change. It is our responsibility to take action in protecting the Earth’s environment so that we can prevent further loss of penguin habitats and ensure their survival for generations to come.
#NaypyitawZoologicalGarden #WorldPenguinDay