မူကြိုကျောင်းများ၊ အစိုးရကျောင်းများနှင့် တက္ကသိုလ်ကျောင်းမှ ကျောင်းသား/သူများအား တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)တွင် မွေးမြူပြသထားရှိသောတိရစ္ဆာန်လေးများ၏ အကြောင်းအရာများအား အသိပညာတိုးပွားစေရန်အလို့ငှာပညာပေးဌာနမှလိုက်ပါ ရှင်းလင်းပြောကြား ပေးခြင်း အစီအစဉ်များ ရှိသည့်အတွက် ကျောင်းများအနေဖြင့် တစ်ပတ်ကြိုတင်၍ လျှောက်ထားရန် လိုအပ်ပါသည်။ ကျောင်းအဖွဲ့များအနေဖြင့် ကြိုတင်၍အကြောင်းကြားလိုပါက BOOK a LEARNING ကိုနှိပ်ပြီး ဖောင်ဖြည့်သွင်းပြီး ဖုန်းနံပါတ် ၀၉၇၉၇၉၈၄၀၀၈ သို့မဟုတ် education@nptzoosafari.com ကိုမေးလ်ပို့၍ လည်းဆက်သွယ်နိုင်ပါတယ်။
သားရေခွာရုပ်လုံးသွင်းပညာရပ် လေ့လာချင်သူများအတွက် တိရစ္တာန်ဥယျာဉ်(နေပြည်တော်)တွင် ရုပ်လုံးသွင်း ပြခန်းအား ဖွင့်လှစ်ပြသထားလျှက်ရှိပါသည်။ ရှားပါးအဖိုးတန်သောတိရစ္ဆာန်များ၏ ရုပ်လုံးသွင်းထားရှိမှု များအပြင် ရုပ်လုံးသွင်းပညာအားလေ့လာလိုသူများအတွက် လေ့လာကြည့်ရှ့နိုင်ရန် ရည်ရွယ်ချက်ဖြင့် စုစည်းပြသထားခြင်းဖြစ်ပါသည်။ ရုပ်လုံးသွင်းပညာရပ်အားစာတွေ့/လက်တွေ့ သင်ကြားလေ့လာလိုသူ များအတွက် အုပ်ချုပ်ရေးမှုးရုံးသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)တွင် ရှားပါးပြီးမျိုးသုန်းပျောက်ကွယ်တော့မည် ပြည်တွင်း/ပြည်ပ တောရိုင်း တိရစ္ဆာန်နှင့်ရှားပါးငှက်မျိုးစိတ်များအား ထိန်းသိမ်းစောင့်ရှောက်ထားသည့်အပြင် မျိုးဆက်ပြန့်ပွားရေး အတွက်လည်း သားဖောက်မျိုးပွားခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိပါသည်။ ပြည်တွင်းမျိုးစိတ်များ အနေဖြင့် မြန်မာနိုင်ငံဒေသရင်း မျိုးစိတ်များဖြစ်သော မြန်မာ့ကြယ်လိပ်နှင့် တိုက်လိပ်များကို နိုင်ငံတကာ အဖွဲ့အစည်းများဖြင့် ပူပေါင်း၍ အောင်မြင်စွာ သားဖောက်မွေးမြူ ထိန်းသိမ်းစောင့်ရှောက်လျှက်ရှိပါသည်။ အထူးသဖြင့် မြန်မာ့ဒေသမျိုးရင်းများဖြစ်သော ကြယ်လိပ်၊ တိုက်လိပ်များအပြင် ဆင် ၊ ကျား ၊ နူး၊ ဆိတ်သမင်၊ ညာလာ ၊ ဘို့တစ်လုံးကုလားအုတ် နှင့် ပင်ဂွင်း အစရှိသော သဘာဝတောရိုင်းတိရစ္ဆာန်များ၏ မျိုးဆက်ပြန့်ပွားရေးအတွက် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) အနေဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။
Copyright 2018. All rights reserved.