တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)သည် မြန်မာနိုင်ငံရှိတိရစ္ဆာန်ဥယျာဉ်များထဲတွင် အကြီးဆုံးဟု ဆိုရလောက်အောင် ၄၁၆.၉၈ဧက ကျယ်ဝန်းပြီးရန်ကုန်-မန္တလေးလမ်းဟောင်း ကားလမ်းမကြီးဘေး ၊ မိုင်တိုင်အမှတ် (၂၅၆/၁) နှင့် (၂၅၃/၀) မိုင်ကြားတွင်တည်ရှိပါသည်။ ၂၀၀၇ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး(၂၆.၃.၂၀၀၈)ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်) တွင်ရှားပါးပြီး အဖိုးတန်သောတောရိုင်းတိရစ္ဆာန်များအပြင် တွေ့ရခဲသောကျားဖြူများ ၊ ခြင်္သေ့ဖြူများ ၊ ပင်ဂွင်းများ ၊ပင်လယ်ဖျံများ စသည်တို့ကို တစ်နေရာတည်း၌ စုံစုံလင်လင် လေ့လာနိုင်ရန် ဖွင့်လှစ်ပြသထားပါသည်။ပြသထားသော မျိုးစိတ်များအနေဖြင့်−
နို့တိုက်သတ္တဝါ (၃၈)မျိုး - (၃၄၄)ကောင် ၊
ကျေးငှက်သတ္တဝါ (၃၆)မျိုး - (၃၄၇)ကောင် ၊
တွားသွားသတ္တဝါ (၉)မျိုး - (၆၄)ကောင် ၊
စုစုပေါင်း (၈၃)မျိုး- (၇၅၅)ကောင် မွေးမြူပြသထားရှိပါသည်။
Copyright 2018. All rights reserved.