ဆာဖာရီဥယျာဉ် – Naypyitaw Zoo and Safari

ဆာဖာရီဥယျာဉ်

ဆာဖာရီဥယျာဉ်(နေပြည်တော်)တွင် သဘာဝအတိုင်းလွှတ်ကျောင်းသည့် စနစ်ဖြင့် ပြသထားလျှက်ရှိသည့် တောရိုင်းတိရစ္ဆာန်များအား ဆာဖာရီဥယျာဥ်သုံးမော်တော်ယဥ်များသာ လှည့်လည်ကြည့်ရှု့ နိုင်မည်ဖြစ်ပါသည်။ ကြောက်လန့်ရင်ခုန် စိတ်လှုပ်ရှားဖွယ်ကောင်းသော မြန်မာပြည်တွင် တခုတည်းသောရှိသည့် နေရာဆိုပါလျှင် ကျား ၊ ခြင်္သေ့ပြကွက်ကို ညွှန်းဆိုရမည်ဖြစ်ပါသည်။ ဥယျာဥ်၏လမ်းများပေါ်ပိတ်၍ အိပ်စက်နေသည့် အာဖရိက ကျား၊ခြင်္သေ့များကို မြင်တွေ့နိုင်ပြီး လာရောက်လည်ပတ်ကြသောသောခရီးသည်များ၏ မော်တော်ယဥ်များပေါ်သို့လည်း တတ်ရောက်လာသော အသားစားသတ္တဝါများအား ရင်ခုန်စိတ်လှုပ်ရှားဖွယ် အနီးကပ်မြင်တွေနိုင်မည်ဖြစ်ပါသည်။

အာရှပြကွက်

အာရှပြကွက်တွင် အရှေ့တောင်အာရှရှိ အများဆုံးတွေ့ရသော ဆတ် ၊ သမင် ၊ ဒရယ် နှင့် ဂျီများကို သဘာဝ အတိုင်းလွှတ်ကျောင်းစနစ်ဖြင့်ပြသထားသော အုပ်စုလိုက်နေထိုင်ကြသည့်ပုံစံကို ဆာဖာရီဥယျာဥ်သုံး (သံဇကာကာရံသည့်)မော်တော်ယဥ်များအတွင်းမှ မြင်တွေ့ရမည်ဖြစ်ပြီး ၊ သဘာဝအတိုင်း နေထိုင်ကျက်စားနေကြသည့် ........

သြစတြေးလျပြကွက်

သြစတြေးလျပြကွက်တွင် ကက်ဆိုဝါရီငှက်ကုလားအုတ် နှင့် ဝါလာဘီသားပိုက်ကောင်လေးများကို တွေ့ရမည်ဖြစ်ပြီး ထိုတိရစ္ဆာန်လေးများ သွားလာလှုပ်ရှား နေထိုင်မှုပုံစံနှင့် စားသောက်မှု ပုံစံများအား သဘာဝအတိုင်း ရရှိစေရန်အတွက် လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူပြသထားလျှက်ရှိပါသည်။

သြစတြေးလျပြကွက်တွင် ........

အာဖရိကပြကွက်

အာဖရိကတိုက်တွင်သာ တွေ့ရှိရသော သစ်ကုလားအုတ် ၊ မြင်းကျား ၊ ဘို့တစ်လုံးကုလားအုတ် ၊ နူးသမင် ၊ ညာလာ ၊ ကြံ့ဖြူ ၊ ဆိတ်သမင် နှင့် ငှက်ကုလားအုတ်များအား တွေ့ရှိရမည်ဖြစ်သည်။ သြစတြေးလျပြကွက်ပြီးသည့်နောက် လည်တိုင်ရှည်ရှည် အရပ်မြင့်မြင့်ဖြင့် သွားလာနေကြသော သစ်ကုလားအုတ်များအား စတင်တွေ့မြင်ရမည် ........

ကြံ့ဖြူပြကွက်

အာဖရိကဆာဖာရီပြကွက်အတွင်းအုတ်ရိုးအမြင့်ဖြင့် ကာရံထားသော (၂)ဧကအကျယ်နေရာတစ်ခုတွင် အာဖရိကနွယ်ဝင် ကြံ့ဖြူများ၏ သဘာဝအတိုင်းသွားလှုပ်ရှားနေမှုပုံစံကိုအနီးကပ် ကြည့်ရှု့လေ့လာနိုင်မည် ဖြစ်သည်။ ကြံ့ဖြူများမှာအာဖရိကနိုင်ငံမှ ၂၀၁၁ ခုနှစ်တွင် ဆာဖာရီဥယျာဉ်(နေပြည်တော်)သို့ အများပြည်သူများကြည့်ရှု့လေ့နိုင်စေရန် ........

သစ်ကုလားအုတ်ပြကွက်

ဆာဖာရီပြကွက်အတွင်းမြင်းကျား၊သစ်ကုလားအုတ်နှင့် ဘို့တလုံးကုလားအုတ်များအား သဘာဝ လွှတ်ကျောင်းနစ်ဖြင့် ပြသထားရှိပြီးလာရောက်လည်ပတ်သည့် ဧည့်သည်များအနေဖြင့် သတ်မှတ်ယာဉ်ဖြင့် ဝင်ရောက်ရခြင်းအတွက်  ဆာဖာရီအတွင်းသို့ ရောက်နေသည့် စိတ်ခံစားချက်မျိုးရရှိမည့် နေရာဖြစ်ပါသည်။ သဘာဝအတိုင်း ........

Copyright 2018. All rights reserved.