မေးလေ့ရှိသောမေးခွန်များ – Naypyitaw Zoo and Safari

မေးလေ့ရှိသောမေးခွန်များ

၁။ ဘီးတပ်ကုလားထိုင်ဖြင့် ဝင်လို့ရသောဝင်ပေါက်ရှိပါသလား။

ရှိပါသည်။ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုအဘိုးအဘွားများအားနွေးထွေးစွာကြိုဆိုလျက်ရှိပါသည်။

၂။ မြန်မာကျပ်ငွေတစ်ခုတည်းဖြင့်သာဝင်ကြေးလက်ခံပါသလား။ တခြားငွေများလက်ခံပါသလား။

ဝမ်းနည်းပါတယ် ။  မြန်မာ “ကျပ်” ငွေ (၁)မျိုးတည်းသာလက်ခံပါတယ်။

၃။ ယျာဉ်န်းအတွင်းအနားယူရင်းစားသောက်လို့ရမည့် နေရာများရှိပါသလား။

စားသောက်လို့ရသည့် နေရာများရှိပါတယ်။ လူမျိုးဘာသာမရွေးစားသုံးနိုင်မည့် စားသောက်ဆိုင်များ ဖွင့်လှစ် ရောင်းချပေးလျက်ရှိပါတယ်။

၄။ အခြားကုမ္ပဏီအဖွဲ့အစည်းများအုပ်စုအဖွဲ့လိုက် ဝင်ရောက်ပါကမည်သို့ ဆောင်ရွက်ရမည်နည်း။

မူကြိုကျောင်းများ ၊ အစိုးရကျောင်းများနှင့် လေ့လာရေးခရီးစဉ်များကိုကြိုတင်၍ လိုအပ်သော စာရွက် စာတမ််များနှင့်အတူ ဖောင်လျှောက်ထားနိုင်ပြီး သတ်မှတ်ထားသောလျော့ချ နှုန်းထားများဖြင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၅။ ယျာဉ်တွင်းလည်ပတ်ရန်အတွက် စီးစရာကားများအားဘိုကင်ကြိုလုပ်ရန် လိုအပ်ပါသလား။

မလိုအပ်ပါ။ ဥယျာဉ်သို့ ရောက်ရှိမှသာမိမိကြိုက်နှစ်သက်သည့် ဘာဂီဝန်ဆောင်မှုကိုရွေးချယ်နိုင်ပါတယ်။

၆။ တိရစ္ဆာန်ယျာဉ် နှင့် ဆာဖာရီဥယျာဉ် ဝင်ကြေးတူပါသလား။ ထပ်မံဝယ်ယူရပါသလား။

မတူပါ။ တိရစ္ဆာန်ဥယျာဉ်သို့ ဝင်ရောက်ရာတွင် တိရစ္ဆာန်ဥယျာဉ်လက်မှတ်ကောင်တာတွင် ဝယ်ယူရမည်  ဖြစ်ပြီး ၊ ဆာဖာရီဥယျာဉ်သို့ ဝင်ရောက်မည်ဆိုပါလျှင် ဆာဖာရီလာက်မှတ်ကောင်တာတွင် ထပ်မံဝယ်ယူ ရမည်ဖြစ်ပါသည်။

၇။ တိရစ္ဆာန်ယျာဉ်အနီးတွင် ဘာစိတ်ဝင်စားစရာနေရာများရှိပါသေးလဲ။

တိရစ္ဆာန်ဥယျာဉ်နှင့်ကပ်လျက်တွင် ဆာဖာရီဥယျာဉ် နှင့် နက္ခတ်တာရာပြခန်း ၊ တိုင်းရင်းသားကျေးရွာနှင့် စစ်သမိုင်းပြတိုက် ၊ ဝဏ္ဏသိဒ္ဒိအားကစားကွင်းရှိပါသည်။

၈။ အလှူငွေများပါဝင်လှူဒါန်းလို့ရပါသလား။

အလှူငွေများလှူဒါန်းလိုပါကလာရောက်လှူဒါန်းနိုင်ပြီး ၊ Facebook page ၊ လက်မှတ်အရောင်း နှင့် 09797984008 သို့ အသေးစိတ် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

၉။ တောရိုင်းတိရစ္ဆာန်များ၏ အကြောင်းအရာများအားမေးမြန်းခြင်း ၊ လှူဒါန်းခြင်းများလုပ်လို့ရပါသလား။

facebook page နှင့် 09797984008 သို့ အသေးစိတ် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

၁၀။ယျာဉ်ဝင်ကြေးလက်မှတ်ခတွင်အခြားအဖိုးအခများပါဝင်ပါသလား။ထပ်ပေးစရာများ ရှိနိုင်ပါသေးလား။

မပါဝင်ပါ ။ သက်ဆိုင်ရာအဖိုးအခပေးရသည့် နေရာများ ရောက်မှသာ သတ်မှတ်နှုန်းထားများအတိုင်း ထပ်မံကောက်ခံသွားမည် ဖြစ်ပါသည်။

၁၁။ ပြင်ပမှ ယူဆောင်လာသောတိရစ္ဆာန်အစားအစာများ ကျွေးမွေးလှူဒါန်းလို့ရပါသလား။

Facebook page နှင့် 09797984008 သို့ အသေးစိတ် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး ၊ ပြင်ပမှ အစာများ ကျွေးမွေးမည် ဆိုပါကအုပ်ချုပ်ရေးမှူးရုံးမှ စီမံဆောင်ရွက်ပေးမည်ဖြစ်ပြီး ၊ အစာများအား စစ်ဆေးရန်အတွက် တိရစ္ဆာန်ထိန်းသိမ်းရေးနှင့် ဆေးကုသရေးဌာန၏ စစ်ဆေးခွင့်ပြုချက် ယူရမည်ဖြစ်ပါတယ်။ ခွင့်ပြုချက် ရရှိမှသာ ကျွေးမွေးလှူဒါန်းရမည်ဖြစ်ပါသည်။

Copyright 2018. All rights reserved.