October 27th is an auspicious day of Zoological Garden (Nay Pyi Taw). Because, an elephant calf is born by male elephant called (MyaMaung) and female elephant called (NweNwe) on 5am early on that day.
For this reason, we introduce an “Animal Feeding Program” to all. It is such a good program from which you may get back in touch with animals when you participate in "Animal Feeding Program". It requires two days pre-booking to donate animals’ food. Please call our administration department with the provided number:09-797984008.
Burmese Star Tortoise is rare and critically endangared species.Those such specis were kept in Nay Pyi Taw Zoo for their conservation and breeding.Fortunately, seven tortoises hatched from No.1 pits that nested during October-February 2020.We are watching carefully their next incubation time.
Red-necked wallabies are indigenous to Australia, which is one of the most significant wild animals of the zoo. Nay Pyi Taw Garden is in compatible with nature where they live, for that reason, they breed successful on 20-8-2020 and 10-9-2020 by two pairs, now they reach 6 months of age.In generally, they born only one young at a time after a gestation period. When young are born,they must crawl into their mother's pouch.Their life span is 15 years.
အပြည်ပြည်ဆိုင်ရာမျောက်လွှဲကျော်များထိန်းသိမ်းရေးနေ့ (International Gibbon Day) တောတွင်းသီချင်းဆိုသူများ (Forest Singer) ဖြစ်ကြသော မျောက်လွှဲကျော်တို့နှင့် ပတ်သက်သည့် အကြောင်းအရာများအား ပညာပေးဆောင်ရွက်ရန်အတွက် အောက်တိုဘာလ (၂၄) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာမျောက်လွှဲကျော်များထိန်းသိမ်းရေးနေ့အဖြစ် နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။ ကမ္ဘာပေါ်တွင် Apes အုပ်စုဝင်များဖြစ်သည့် မျောက်လွှဲကျော် မျိုးစိတ်ပေါင်း (၂၀) ရှိပြီး ၎င်းတို့သည် နေရင်းဒေသများ ဆုံးရှုံးခြင်းကြောင့် မျိုးသုဉ်းရန် အန္တရာယ်ရှိသော အခြေအနေမျိုးနှင့် ရင်ဆိုင်နေရပါတယ်။ မျောက်လွှဲကျော်များသည် Seed Disperser (သစ်စေ့ဖြန့်သူ) လည်းဖြစ်ပြီး အပင်မျိုးစိတ်များဖြန့်ပွားခြင်းအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်၍ အမြဲစိမ်း သစ်တောများထိန်းသိမ်းခြင်းနှင့် ပြုစုပေးသော ဥယျာဉ်မှူးများဟုလည်း တင်စားခေါ်ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံတွင် မျောက်လွှဲကျော် မျိုးစိတ် (၄) မျိုးအား တွေ့ရှိရပါသည်။ အနောက်ပိုင်းမျက်ခုံးဖြူမျောက်လွှဲကျော်၊ အရှေ့ပိုင်းမျက်ခုံးဖြူမျောက်လွှဲကျော်၊ Skywalker မျောက်လွှဲကျော်၊ မျောက်လွှဲကျော်လက်ဖြူတို့ဖြစ်ပါတယ်။ ၎င်းနေထိုင်ရာ သစ်တောများလျော့နည်းလာခြင်း (habitat loss) နှင့် သစ်တောများအစိတ်စိတ်ကွဲပြားလာခြင်း (habitat fragmentation) တို့သည် ၎င်းတို့ အဓိက ကြုံတွေ့နေရသည့် ပြဿနာများဖြစ်ပါတယ်။ မျောက်လွှဲကျော်များ ထိန်းသိမ်းခြင်းသည် သဘာဝသစ်တောများနှင့် ဂေဟစနစ်အား ထိန်းသိမ်းခြင်းလည်းဖြစ်သဖြင့် မျောက်လွှဲကျော်များအား ထိန်းသိမ်းကာကွယ်ပေးရန် လိုအပ်ပါတယ်။ မျောက်လွှဲကျော်များကဲ့သို့ မျိုးသုဉ်းရန်...
ကျားဖြူ (White Tiger) မြန်မာအမည်- ကျားဖြူ အင်္ဂလိပ်အမည်- White Tiger သိပ္ပံအမည်- Panthera tigris tigris အမျိုးအစား- နို့တိုက်သတ္တဝါ (Mammal) နေထိုင်သည့်စနစ်- ကုန်းပေါ်တွင် ကျက်စားသည့် သတ္တဝါ၊ (Terrestrial) ပျံ့နှံ့ကျက်စားရာဒေသ- အိန္ဒိယ၊ ဘူတန်၊ ပါကစ္စတန်၊ နီပေါနိုင်ငံတို့တွင် ရှင်သန်ကျက်စား ပေါက်ပွားပါတယ်။ နေရင်းဒေသ- အပူပိုင်းသစ်တောများ၊ ရွံ့နွံ့တောများ၊ ဒီရေရောက်တောများ၊ ရေချိုချောင်းပေါများပြီး စွတ်စိုထူထပ်သည့် တောများတွင် နေထိုင်ကျက်စားလေ့ရှိပါတယ်။ အလေ့အထနှင့် အမူအကျင့်- အသားစားသည့် မျိုးစိတ်ဖြစ်ပါတယ်။ နေ့ဘက်တွင် ကျက်စားသည့်သတ္တဝါဖြစ်သော်လည်း ညအချိန်တွင်သာ အမဲလိုက်တတ်ပါတယ်။ အမှောင်ထဲတွင် ငြိမ်သက်စွာ ပုန်းအောင်းနေထိုင်ပြီး အကြားနှင့် အမြင်အာရုံကို အသုံးပြု၍ အမဲလိုက်ပါတယ်။ အထီးများသည် ယင်းတို့၏ ပိုင်နက်နယ်မြေကို သစ်ပင်များတွင် လက်သည်းများဖြင့် အမှတ်အသားပြုလုပ်ခြင်း၊ ကျင်ငယ်ရေပက်ဖြန်းခြင်းတို့ပြုလုပ်၍ ပိုင်နက်နယ်မြေကို သတ်မှတ်ကြပါတယ်။ ယင်းတို့၏ပိုင်နက်နယ်မြေကို အခြားအထီးတစ်ကောင်မှ ကျူးကျော်ဝင်ရောက်လာပါက အပြင်းအထန် ခုခံကာကွယ်တိုက်ခိုက်တတ်ပါတယ်။ မျိုးပွားခြင်း- တစ်ကောင်တည်းနေတတ်သည့် အလေ့အထရှိပြီး မိတ်လိုက်ရာသီမှသာ အထီးအမစုံတွဲ နေထိုင်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ (၁၀၃)ရက် (၃ လခွဲခန့်) ကြာမြင့်ပြီး (၅) ကောင်မှ (၅) ကောင်အထက် မွေးဖွားပါတယ်။...
မလေးရှားနိုင်ငံ၊ Penang၊ Taiping၊ Grand Baron Hotel တွင် (၅−၁၁−၂၀၂၃)ရက်နေ့မှ (၈−၁၁−၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အာရှနှင့် အာဆီယံဒေသတွင်း တိရစ္ဆာန်ဥယျာဉ်များနှင့် ငါးပြတိုက်များအစည်းအရုံး (South East Asia Zoos and Aquarium Association-SEAZA) ၏ အကြိမ် (၃၁) ကြိမ်မြောက်ညီလာခံကို အစည်းအရုံးအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှ နိုင်ငံကိုယ်စားပြု Htoo Zoos and Gardens Business Unit မှ အမှုဆောင်အရာရှိချုပ် (CEO) နှင့် ဝန်ထမ်းများ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ပါမောက္ခ (ဌာနမှူး)နှင့် သစ်တောဦးစီးဌာန (ရန်ကုန်တိုင်း)မှ ဒုတိယညွန်ကြားရေးမှူး၊ စုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါညီလာခံတွင် နိုင်ငံပေါင်း (၂၅) နိုင်ငံမှ တက်ရောက်သူ (၂၅၉) ဦးရှိခဲ့ပြီး သုတေသနစာတမ်းပေါင်း (၅၉) စောင် ဖတ်ကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု Htoo Zoos and Gardens Business Unit မှ သုတေသနစာတမ်း (၄) စောင် ဖတ်ကြားတင်သွင်းခဲ့ပါတယ်။
“တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်) ရောက်ရင် ဘယ်လိုလျှောက်လည်ကြမလဲ” ပထမဆုံး ဥယျာဉ်ဝင်ပေါက်ဂိတ်ကို ဖြတ်လာပြီးရင် ကားရပ်နားကွင်းကိုရောက်မှာဖြစ်ပြီး ဧည့်သည်များစီးနင်းလာတဲ့ ကား၊ ဆိုင်ကယ်များကို ကားရပ်နားကွင်းမှာ ရပ်နားထားနိုင်ပါတယ်။ 🛵🚗🚙 လူဝင်ကြေးလက်မှတ်ဝယ်ယူရန်အတွက် ပလာဇာမှာ လက်မှတ်ဝယ်ယူရမှာဖြစ်ပါတယ်။ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ဟာ (၄၁၆.၈၉)ဧက ကျယ်ဝန်းလှတာကြောင့် ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် ခြေလျင်လမ်းမလျှောက်ချင်သူများအတွက် Buggy လေးတွေ စီစဉ်ထားရှိပြီး Buggy ငှားရမ်းချင်တယ်ဆိုရင်တော့ Buggy Gateမှာ လက်မှတ်ဝယ်ယူ၍ စီးနင်းနိုင်မှာဖြစ်ပါတယ်။ 🎫🎟️🛺 တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ကိုရောက်လာပြီးဆိုရင်တော့ တောရိုင်းတိရစ္ဆာန်များရဲ့ တောတွင်းသဘာဝအမူအကျင့်များနဲ့ သူတို့ရဲ့ ချစ်စရာအမူအရာလေးတွေကို လေ့လာတွေ့ရှိနိုင်မှာဖြစ်ပါတယ်။🐅🦒🦌 ကဲ…ဒါဆိုရင်….Buggy စီးပြီး တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) အတွင်းက တိရစ္ဆာန်လေးတွေကို အစာကျွေးရင်း ကြည့်ရှုအပန်းဖြေ လည်ပတ်နိုင်တာမို့ မိသားစုသူငယ်ချင်းများနဲ့ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🤗🤗🤗
🪶ကက်ဆိုဝါရီ (Cassowary)🪶 မြန်မာအမည်-ကက်ဆိုဝါရီ အင်္ဂလိပ်အမည်-Cassowary သိပ္ပံအမည်-Casuarius 🪶 ကက်ဆိုဝါရီ (Cassowary) ဆိုတာအရွယ်အစားကြီးမားပြီး အရောင်အသွေးတောက်ပကာ ဒိုင်နိုဆောခြေထောက်ကဲ့သို့ သန်မာလှသည့် ခြေထောက်များရှိပြီး မပျံသန်းနိုင်တဲ့ ငှက်ကြီးမျိုးဖြစ်ပါတယ်၊ 🪶 ခန္ဓာကိုယ်မှာ တောက်ပသော အနက်ရောင်အမွေးများရှိပြီး ဦးခေါင်းတွင် ကြီးမားသည့် အမောက်ပါရှိပါတယ်၊ လည်ပင်းသည် ခရမ်းရောင် (သို့) အပြာရောင်ရှိပြီး ရှည်လျား၍ တွဲလောင်းကျနေသော အနီရောင်အရေပြားချပ် (Red wattles) ပါရှိပါတယ်၊ ခြေထောက်တွင် ခြေချောင်း (၃) ချောင်းသာပါရှိပြီး ခြေချောင်းများတွင် ရှည်လျားသော ခြေသည်းချွန်များပါရှိပါတယ်၊ 🪶 အမများက ဥ ဥ၊ အထီးတွေကဥဝပ်ပြီး ၊ ဥဝပ်ချိန်မှစ၍ သားပေါက်များအရွယ်ရောက်ပြီး အစာရှာဖွေနိုင်သည်အထိ အထီးများကသာ ကျွေးမွေးပြုစုစောင့်ရှောက်လေ့ ရှိကြပါတယ်၊ 🪶 ကက်ဆိုဝါရီငှက်များဟာ အကြောင်းအရင်းမရှိဘဲ အန္တရာယ်ပြုတိုက်ခိုက်လေ့မရှိသော်လည်း ယင်းတို့၏ ကလေးငယ်များနှင့် အစာစားနေချိန်တွင် တစ်စုံတစ်ယောက်မှ အန္တရာယ်ပြုနိုင်သည်ဟု ထင်မြင် ယူဆလျှင် ကလေးများကို ကာကွယ်ရန် ယင်းတို့၏ သန်မာသည့်ခြေထောက်ကို အသုံးပြု၍ လူကို သေစေနိုင်သည့်အထိ တိုက်ခိုက်တတ်ပါတယ်၊ 🪶 ကက်ဆိုဝါရီငှက်များဟာ မိုးသစ်တောများတွင် ပေါက်ရောက်သည့် အပင်မျိုးစိတ်ပေါင်း (၂၄၀) ကျော်အား စားသုံးပြီး ဝေးလံသည့် နေရာများတွင်...
တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) သာမညဖလသုတ်ခေါ် (ရဟန်းပြုခြင်း၏ အကျိုးတရားကို) မြတ်စွာဘုရားသည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် ဟောပြောတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ (သာမညဖလအခါတော်နေ့) ဟု သတ်မှတ်ကျင်းပကြခြင်း ဖြစ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလပြည့်(သမညဖလအခါတော်)နေ့မှာ မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြည်သာပြီး မိမိတို့လိုရာဆန္ဒများပြည့်ဝကြစေကြောင်း တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)မိသားစုမှ တောင်းဆုမေတ္တာပို့သအပ်ပါသည်။
🇲🇲 အမျိုးသားနေ့ ဒို့မမေ့ 🇲🇲 🎉 𝐇𝐚𝐩𝐩𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 🎉 ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၇ရက်၊ ကြာသပတေးနေ့တွင် ကျရောက်သော (၁၀၃)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အား ဂုဏ်ပြုကြိုဆိုရင်း မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြည်သာကြစေကြောင်း တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) မိသားစုမှ တောင်းဆုမေတ္တာပို့သအပ်ပါသည်။
အပြည်ပြည်ဆိုင်ရာ မျောက်များနေ့ (International Monkey Day) ၊🐒🐒🐒 ဒီဇင်ဘာလ(၁၄)ရက်နေ့၊ မျောက်များနေ့(Monkey Day)မှာ တိရစ္ဆာန်ဥယျာဉ်ထဲက မျောက်လေးတွေအကြောင်းကို ဗဟုသုတအနည်းငယ်မျှဝေချင်ပါတယ်။ မျောက်တွေကို အမြီးပါမျောက်နှင့် အမြီးမပါမျောက်ဟူ၍ နှစ်မျိုးခွဲခြားထားပါတယ်။ ဒါ့အပြင် အမြီးပါ မျောက်တွေကိုလည်း(၂)မျိုးပြန်ပြီး ထပ်မံခွဲခြားထားပါတယ်။ ဒီနေ့ကျရောက်တဲ့ မျောက်များနေ့(Monkey Day) မှာ အမြီးပါမျောက်ကလေးတွေအကြောင်းကို ဗဟုသုတအနည်းငယ် မျှဝေပါရစေ… ပထမဦးဆုံးအနေနဲ့…အမြီးပါမျောက်တွေကို…အင်္ဂလိပ်လို(Monkeys) လို့ခေါ်ပြီး၊ အမြီးမပါတဲ့ မျောက်တွေကိုတော့ (Ape) လို့ခေါ်ပါတယ်။ အမြီးပါမျောက်နှင့် အမြီးမပါ မျောက်တွေကို သတ္တဗေဒဘာသာရပ်အခေါ်ဝေါ်အနေနဲ့ မျိုးစဉ်(Order) လိုခေါ်တဲ့ ၊ ပရိုင်းမိတ် (Primates) အတွင်းမှာ ပါရှိတဲ့အတွက် ကျွနှ်ပ်တို့လူသားတွေနဲ့ မျိုးစဉ်တစ်ခုတည်းမှာ အတူတည်ရှိနေတာကြောင့် မျောက်တွေဟာ လူတွေနဲ့ပိုမိုနီးစပ်ပြီး အခြားသောတိရစ္ဆာန်များထက် အသိဉာဏ်ကိုမိုမြင့်မားကြပါတယ်။ အမြီးပါတဲ့မျောက်တွေကို ထပ်မံပြီးခွဲခြားပြရရင် ကမ္ဘာဟောင်းမျောက်(Old World Monkeys) နှင့် ကမ္ဘာသစ်မျောက်(New World Monkeys) ဆိုပြီး (၂)မျိုးထပ်မံခွဲခြားကြပြန်ပါတယ်။ ကမ္ဘာသစ်မျောက်တွေဟာ တောင်အမေရိကတိုက်ထဲမှာနေထိုင်ပြီး ကမ္ဘာဟောင်းမျောက်တွေကတော့ အာရှတိုက်နှင့် အာဖရိကတိုက်တွေမှာ နေထိုင်ကြပါတယ်။ ကမ္ဘာသစ်မျောက်နဲ့ ကမ္ဘာဟောင်းမျောက်တွေကို ယခုလို ခွဲခြားလေ့လာနိုင်ပါတယ်။ ကမ္ဘာဟောင်းမျောက် : ▫️အစာသိုလှောင်နိုင်သည့် ပါးစောင်အိတ်ပါရှိသည်။ ▫️အမြီးပါရှိသော်လည်း ထိုအမြီးဖြင့် သစ်ပင်/သစ်ကိုင်းများကို မတွယ်ချိတ်နိုင်ပါ။...
🥳Happy New Year🎊 May this year bring new happiness, new goals, new achievements, and a lot of new inspirations on your life. Wishing you a year fully loaded with happiness. Wishing every day of the new year to be filled with success, happiness, and prosperity for you. 🎇🎆
🇲🇲 Myanmar Independence Day 🇲🇲 ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုပါသည်။
ကရင်အမျိုးသားနှစ်သစ်ကူးနေ့ (Karen New Year Day) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့အား ဝမ်းမြောက်လှိုက်လှဲစွာဖြင့် ကြိုဆိုလိုက်ပါသည်။
🐘 New Born Baby Elephant 🐘 တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ရဲ့ မိသားစုဝင်အသစ် “အာရှဆင်မလေး ချစ်စံပယ်" 🐘 တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) တွင် ထိန်းသိမ်းမွေးမြူထားသောအာရှဆင်များဖြစ်တဲ့ ဖခင်မောင်မောင်လွင်၊ မိခင် စံပယ်နွယ်တို့မှ (၂၀၂၃) ခုနှစ် ဇွန်လ (၅) ရက်နေ့မှာ ပေါက်ဖွားသော ဆင်မလေး (ချစ်စံပယ်) ကို တိရိစ္ဆာန်ထိန်းသိမ်းမွေးမြူရေးနှင့် ဆေးကုသရေးဌာနမှ ဆရာဝန်များနှင့် ဥယျာဉ်ရှိ တာဝန်ရှိသူများ၏ စောင့်ရှောက်ကြည့်ရှုမှုဖြင့် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။🤗 🐘 ဆင်များဟာ အသက် (၁၆) နှင့် (၁၈) နှစ် အရွယ်ခန့်မှ စတင်အရွယ်ရောက် မိတ်လိုက်မျိုးပွားကြပါတယ်။ ဆင်မတကောင်ရဲ့ ကိုယ်ဝန်ဆောင်ချိန်ဟာ (၂၂) လ ဝန်းကျင်အထိ ကြာမြင့်တတ်ပြီး သက်တမ်းတလျှောက် (၆) ကြိမ်သာ ကိုယ်ဝန်ဆောင်နိုင်ကြပါတယ်။ မွေးကင်းစ ဆင်ပေါက်ကလေးတွေရဲ့ အလေးချိန်ဟာ ပေါင် (၂၀၀) နဲ့ (၃၀၀) ကြား ရှိတတ်ပါတယ်။ မွေးဖွားလာသော ဆင်ကလေးတွေက မိခင်ဆင်မကြီးနှင့် အသက် (၁၆) နှစ် အရွယ်ရောက်သည်အထိ အတူနေထိုင်တတ်ကြပါတယ်။ 🐘တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) မှာလည်း...
🦓 New Born Baby Zebra 🦓 တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)ရဲ့ မိသားစုဝင်အသစ် “မြင်းကျားလေး" 🦓 တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) တွင် ထိန်းသိမ်းမွေးမြူထားသော မြင်းကျားများဖြစ်တဲ့ ဖခင်စိန်ခဲ၊ မိခင် နှစ်သစ်မေတို့မှ (၂၀၂၃) ခုနှစ် ဇွန်လ (၃၀) ရက်နေ့မှာ ပေါက်ဖွားသော မြင်းကျားလေး (စိုင်းစိုင်း)ကို တိရစ္ဆာန်ထိန်းသိမ်းမွေးမြူရေးနှင့် ဆေးကုသရေးဌာနမှ ဆရာဝန်များနှင့် ဥယျာဉ်ရှိ တာဝန်ရှိသူများ၏ စောင့်ရှောက်ကြည့်ရှုမှုဖြင့် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။🤗 🦓 မြင်းကျားများဟာ အုပ်စုဖွဲ့နေထိုင်တတ်ကြပါတယ်။ မြင်းကျားအမများမှာ အသက် (၂ ) နှစ်မှ (၃) နှစ်ကြားမှာ စတင်အရွယ်ရောက်ပြီး၊ ဩဂုတ်လနဲ့ အောက်တိုဘာလတွေမှာ မိတ်လိုက်ကြပါသည်။ ကိုယ်ဝန်ဆောင်ချိန်မှာ (၁၂)လ မှ (၁၃)လအထိကြာမြင့်ပြီး၊ တခါတရံ ထူးခြားစွာ အမွှာပူးမွေးတတ်ပါသည်။ မွေးကင်းစ မြင်းကျားလေးတွေဟာ (၆) မိနစ်အတွင်း မတ်တပ်ထရပ်နိုင်ပြီး၊ မိခင်မြင်းကျားမှ အသက် (၆) လမှ (၈) လအထိ မိခင်နို့ရည်တိုက်ကျွေးကြပါသည်။ 🦓 တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) မှာလည်း မြင်းကျားများသာမက ထူးခြားရှားပါးသော အခြားမျိုးစိတ်များလည်းရှိတာကြောင့် လာရောက်လည်ပတ်ဖို့ လှိုက်လှဲစွာဖိတ်ခေါ်လိုက်ပါတယ်။
International Zebra Day (အပြည်ပြည်ဆိုင်ရာ မြင်းကျားနေ့) 🦓🦓🦓 ဇန်နဝါရီလ (၃၁) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မြင်းကျားနေ့ (International Zebra Day) အဖြစ် ရည်ရွယ်သတ်မှတ်ထားတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ဒီနေ့မှာတော့ တိရစ္ဆာန်ဥယျာဉ်ထဲက မြင်းကျားလေးတွေရဲ့အကြောင်းကို ဗဟုသုတအဖြစ် အနည်းငယ်မျှဝေပေးချင်ပါတယ်။ 🦓 ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အဖြူနဲ့အမဲ အရောင်ခြယ် အစင်းကျားများကြောင့် ထူးခြားထင်ရှားတဲ့ မြင်းကျားတွေဟာ အာဖရိကတိုက်မှာ အုပ်စုဖွဲ့နေထိုင်ကြပါတယ်။ 🦓 🦓 လူတွေမှာရှိတဲ့ လက်ဗွေဟာ တစ်ယောက်နှင့် တစ်ယောက်မတူသလို မြင်းကျားတွေရဲ့ အစင်းကျားတွေကလည်း တစ်ကောင်နှင့် တစ်ကောင်မတူတဲ့အတွက် အလွယ်တကူခွဲခြားလို့ရပါတယ်။ 🦓 🦓 မြင်းကျားတို့ရဲ့နားတွေဟာ အဘက်ဘက်ကို လှည့်နိုင်ပါတယ်။ 🦓 🦓 မြင်းကျားများကို အိမ်မွေးတိရစ္ဆာန်တွေလို ယဉ်ပါးအောင် မွေးလို့ မရပါဘူး။ 🦓 🦓 မြင်းကျားများဟာ တစ်နာရီကို(၆၅) ကီလိုမီတာနှုန်းနဲ့ ပြေးနိုင်ကြပါတယ်။ 🦓 🦓 မွေးကင်းစမြင်းကျားလေးတွေဟာ မွေးဖွားပြီး (၆) မိနစ် အကြာမှာပဲ မတ်တတ်ရပ်နိုင်ပါတယ်။ 🦓 မြင်းကျားတစ်ကောင်ရဲ့ ကန်ချက်ဟာ ခြင်္သေ့တစ်ကောင်ကိုတောင် သေစေနိုင်လောက်အောင်ထိ ပြင်းထန်ပါတယ်။ 🦓 🦓 ခန္ဓာကိုယ်မှာရှိတဲ့ အစင်းကျားတွေက...
ကမ္ဘာ့ငှက်ကုလားအုတ်နေ့ (World Ostrich Day) ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂) ရက်နေ့ ကမ္ဘာပေါ်တွင် လွန်ခဲ့သော နှစ်သန်းပေါင်း (၁၈၄) သန်းခန့်က ဒိုင်နိုဆောများမှ ဆင်းသက်လာသည့် ခန္ဓာကိုယ် အကြီးမားဆုံးနှင့် မပျံသန်းနိုင်သည့် ငှက်ကုလားအုတ်များသည် ရိုးရိုးငှက်ကုလားအုတ် (Common Ostrich) နှင့် ဆိုမာလီငှက်ကုလားအုတ် (Somali Ostrich) ဟူ၍ မျိုးစိတ်နှစ်မျိုး ရှင်သန်ပေါက်ဖွားပါတယ်။ ငှက်ကုလားအုတ်များသည် ကမ္ဘာပေါ်တွင် အပြေးမြန်ဆုံးသော ငှက်များဖြစ်ကြပြီး ရှည်လျား သန်မာသော ခြေထောက်များ ရှိသည့်အတွက် တစ်ခါခုန်လျှင် (၁၀) ပေကျော်ခန့်အထိ ခုန်နိုင်ကြပါတယ်။ ရှည်လျားသော ခြေတံများသည် လူသား (သို့မဟုတ်) ခြင်္သေ့ကဲ့သို့သော သားရဲများကိုပင် သေစေနိုင်သော လက်နက်တစ်ခုလည်းဖြစ်ပြီး ခြေချောင်း နှစ်ချောင်းစီတွင် ရှည်လျား ချွန်ထက်သော ခြေသည်းများ ပါရှိကြပါတယ်။ ငှက်ကုလားအုတ်များသည် ကုန်းနေသတ္တဝါများထဲတွင် အကြီးဆုံးသော မျက်လုံးကို ပိုင်ဆိုင်ထားကြပြီး မျက်လုံးအလျားမှာ (၅) စင်တီမီတာခန့် နီးပါးရှိသဖြင့် ခြင်္သေ့ ကဲ့သို့သော သားရဲမုဆိုးများကိုပင် အဝေးမှလှမ်း၍ မြင်နိုင်ပါတယ်။ သူတို့ရဲ့ ရှည်လျားတဲ့ ခြေတံတွေနဲ့ ပေါ့ပါးတဲ့အရိုးတည်ဆောက်ပုံတွေကြောင့် သားရဲတွေဆီကနေ တစ်နာရီကို (၈၀)...
🎊🐲Wish Everyone have happiness, prosperity and good health in this Year of Dragon....🐉🎉
🇲🇲 ပြည်ထောင်စုနေ့ 🇲🇲 ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်သော (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
“ချစ်သူများနေ့ (Valentine's Day)” မျက်စိနဲ့လည်းမမြင်နိုင်၊ ထိတွေ့ကြည့်လို့လည်းမရနိုင်သလို ထုထည်ကြီးမားပြီး တိုင်းတာ၍မရနိုင်သည်မှာလည်း ချစ်ခြင်းမေတ္တာတရားပင်ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာတရားကို အနက်အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြသော်လည်း ချစ်ခြင်းမေတ္တာကို ဖွင့်ဟပြသနိုင်သောနေ့သည် ချစ်သူများနေ့ (Valentine's day) တစ်ရက်သာရှိပါတယ်။ 💕💕 ချစ်ခင်မြတ်နိုးရသူ အချင်းချင်း အပြန်အလှန် လက်ဆောင်အဖြစ် အရုပ်များ၊ ချောကလက်များကို သာမက ရှေးအစဉ်အလာအားဖြင့် ပန်းစည်းများနှင့်သကြားလုံးများကိုလည်း ပေးလေ့ရှိကြပါတယ်။မည်သည့်လက်ဆောင်ပဲဖြစ်ဖြစ် ချစ်ရသူ အမြတ်တနိုး တန်ဖိုးထား၍ ပေးသောစိတ်ရင်းကသာ အဓိကဖြစ်ပါတယ်။💝💝 ချစ်သူနှစ်ဦးအကြား အပြန်အလှန်နားလည်မှု၊ တန်ဖိုးထားလေးစားမှုနဲ့ ကတိကဝတ်တို့ကို အမှတ်ရစေနိုင်သော နေ့ထူးလည်းဖြစ်ပါတယ်။ ချစ်သူများနေ့ (Valentine Day) ဟာ အနောက်တိုင်း ရှေးယဉ်ကျေးမှု အစဉ်အလာနေ့ ဖြစ်ပြီး ယခုအခါ တစ်ကမ္ဘာလုံးမှ အသိအမှတ်ပြုသောနေ့တစ်ခု ဖြစ်ပါတယ်။ 💞💞 ချစ်သူများနေ့(Valentine's day) မှာ ချစ်ရသူလေးနဲ့ ယှဉ်တွဲ လျှောက်လှမ်းပြီး အနားယူအပန်းဖြေရင်း လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် 🤗🤗
ကမ္ဘာ့ရေမြင်းနေ့ (World Hippopotamus Day) ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၅) ရက်နေ့ ကမ္ဘာ့ကုန်းမြေတွင်သာမက ရေပြင်တွင်လည်း ရှင်သန်ကျက်စားကြကာ ဂေဟဗေဒစနစ်ကို ညီညွတ်စေရန် ကူညီထိန်းသိမ်းပေးနေသည့် နို့တိုက်သတ္တဝါတစ်မျိုးဖြစ်သော ရေမြင်းများသည် ကုန်းနှင့်ရေ နှစ်မျိုးစလုံးတွင် ရှင်သန်ကျက်စားကြပြီး ကမ္ဘာ့ကုန်းမြေပေါ်ရှိ နို့တိုက်သတ္တဝါများထဲတွင် တတိယ အရွယ်အစား အကြီးမားဆုံးဖြစ်ပါသည်။ 🦛 ရေမြင်းများသည် အာဖရိကတိုက်တွင် ရှင်သန်ကျက်စား နေထိုင်ကြသည်ကို တွေ့ရှိရပြီး ကမ္ဘာပေါ်တွင် ရေမြင်းပု (Pygmy Hippopotamus) နှင့် ရိုးရိုးရေမြင်း (Hippopotamus) ဟူ၍ ရေမြင်းမျိုးစိတ် (၂) မျိုး ရှင်သန်ကျက်စား နေထိုင်ကြပါသည်။ 🦛 Hippopotamus ဟူသော အမည်သည် ဂရိစကားလုံးမှ ဆင်းသက်လာခဲ့ပြီး River Horse (မြစ်မြင်း) သို့မဟုတ် Water Horse (ရေမြင်း) ဟူ၍ အဓိပ္ပာယ်ရပါသည်။ ယခုလက်ရှိ ကမ္ဘာပေါ်တွင် ရှင်သန်ကျန်ရှိနေသေးသည့် ရေမြင်းမျိုးစိတ်များသည် လွန်ခဲ့သော နှစ်ပေါင်း (၈) သန်းခန့်က အာဖရိကတိုက်တွင် စတင်ပေါ်ပေါ်က်ခဲ့သည်ဟူ၍ သိပ္ပံပညာရှင်များက ယုံကြည်ထားခဲ့ကြပါသည်။ 🦛 ရေမြင်းများသည် အာဖရိကတိုက်ရှိ ရေချိုမြစ်ဝှမ်းများနှင့်...
🪶 ကက်ဆိုဝါရီ (Cassowary) 🪶 မြန်မာအမည် - ကက်ဆိုဝါရီ အင်္ဂလိပ်အမည် - Southern Cassowary or Double Wattle Cassowary သိပ္ပံအမည် - Casuarius Casuarius ကမ္ဘာပေါ်မှာရှိတဲ့ မပျံသန်းနိုင်သော ငှက်မျိုးစိတ်ပေါင်း (၆၀) အနက် မှ "ကက်ဆိုဝါရီ" အကြောင်းကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ကက်ဆိုဝါရီ (Cassowary) ငှက်များသည်အရွယ်အစားကြီးမားပြီး အရောင်အသွေးတောက်ပကာ ဒိုင်နိုဆောခြေထောက်ကဲ့သို့ သန်မာလှသည့် ခြေထောက်များရှိပြီး မပျံသန်းနိုင်တဲ့ ငှက်ကြီးမျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ တောက်ပသော အနက်ရောင်အမွေးများရှိပြီး ဦးခေါင်းတွင် ကြီးမားသည့် အမောက်ပါရှိပါတယ်။ လည်ပင်းသည် ခရမ်းရောင် (သို့) အပြာရောင်ရှိပြီး ရှည်လျား၍ တွဲလောင်းကျနေသော အနီရောင် အရေပြားချပ် (Red Wattles) ပါရှိပါတယ်။ ခြေထောက်တွင် ခြေချောင်း (၃) ချောင်းသာပါရှိပြီး ခြေချောင်းများတွင် ရှည်လျားသော ခြေသည်းချွန်များပါရှိပါတယ်။ အထီးသည် အမထက်အရွယ်အစားပိုကြီးပြီး အရောင်အသွေးပိုမိုတောက်ပပါတယ်။ ထူးခြားမှုအနေနဲ့ အမများက ဥ ဥ၊ အထီးတွေက ဥဝပ်ပြီး၊ ဥဝပ်ချိန်မှစ၍ သားပေါက်များအရွယ်ရောက်ပြီး အစာရှာဖွေနိုင်သည်အထိ အထီးများကသာ ကျွေးမွေးပြုစုစောင့်ရှောက်လေ့ရှိကြပါတယ်။ အစားအစာအနေနဲ့ အသီးအနှံများကိုသာ အဓိက စားသုံးပြီး အမြစ်၊...
🦁 ခြင်္သေ့အကြောင်းသိကောင်းစရာများ 🦁 သားသားမီးမီးတို့အတွက် အပျင်းလည်းပြေ ဗဟုသုတလည်းရနိုင်ဖို့ ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ ခြင်္သေ့တွေရဲ့ ထူးခြားတဲ့ အချက်တွေပဲဖြစ်ပါတယ်။ 🦁🦁🦁 🦁 ခြင်္သေ့တွေဟာ အာဖရိကတိုက်နှင့် အိန္ဒိယနိုင်ငံတွေမှာ ရှင်သန်ကျက်စားတဲ့ ကြောင်ကြီးမျိုးဖြစ်ပြီး၊ ကြောင်မျိုးရင်းဝင်များထဲ၌ ကျား ပြီးလျှင် ဒုတိယအကြီးဆုံးကြောင်မျိုးရင်းဝင်လည်းဖြစ်ပါတယ်။ 🦁 ခြင်္သေ့အုပ်စုတွေကို Pride ဟု ခေါ်ဆိုကြပြီး အုပ်စုတစ်စုဆီမှာတော့ အကောင်ရေ (၂ ) ကောင်မှ (၄၀) ကောင်အထိ ပါဝင်တတ်ပါတယ်။ ခြင်္သေ့အထီးတွေဟာ အမတွေထက် ခန္ဓာကိုယ်အရွယ်အစား ပိုမိုကြီးမားကာ ထူးခြားမှုအနေနဲ့ ခြင်္သေ့အထီးတွေမှာသာ လည်ဆံမွေးပါရှိပြီး အမတွေမှာ လည်ဆံမွေးမပါတဲ့အတွက် အထီးနဲ့အမကို လွယ်ကူစွာခွဲခြားနိုင်ပါတယ်။ ခြင်္သေ့တွေရဲ့ လည်ဆံမွေးအရောင်ကို ကြည့်ပြီးတော့လဲ အသက်အရွယ်ခွဲခြားလို့ရနိုင်ပါသေးတယ်။ လည်ဆံမွေးအရောင်ရင့်ရင့်ရှိပါက အုပ်စုထဲတွင် အသက်အကြီးဆုံး ခြင်္သေ့ဖြစ်ကြောင်းကို သိနိုင်ပါတယ်။ 🦁 ခြင်္သေ့တွေဟာ လူသားတွေထက် အလင်းကို (၆) ဆခန့် ပိုမိုမြင်တွေ့နိုင်တာကြောင့် ညအချိန်တွင် သားကောင်များကို ကောင်းမွန်စွာ အမဲလိုက်နိုင်ကြပါတယ်။ ခြင်္သေ့အမများက အုပ်စုအတွက် အမဲလိုက်ခြင်းကို လုပ်ဆောင်ပေးကြပြီး၊ အထီးများက ဆီးအနံ့ဖြင့် ပိုင်နက်အမှတ်အသားပြုလုပ်ထားခြင်း၊ အသံဖြင့် ဟိန်းဟောက်ခြင်းတွေနဲ့ ပိုင်နက်နယ်မြေကို ကာကွယ်ကြပါတယ်။...
တောင်သူလယ်သမားနေ့ (Peasants' Day) စိုက်ပျိုးရေးကို အခြေခံသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တောင်သူဦးကြီးများရဲ့ဇွဲလုံ့လဝီရိယ၊ကြိုးစားအားထုတ်မှုနှင့် ကျေးဇူးတရားကို အသိအမှတ်ပြုဂုဏ်ယူသော အထိမ်းအမှတ်ဖြင့် တောင်သူလယ်သမားနေ့ကို မတ်လ (၂)ရက်နေ့တွင် နှစ်စဉ်ကျင်းပခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
World Wildlife Day (ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့) 🐅🦌🦏🦍 မတ်လ ( ၃ ) ရက်နေ့သည် ကမ္ဘာပေါ်ရှိ ရှင်သန် ကျက်စားနေကြသည့် တောရိုင်းတိရစ္ဆာန်များကို ကာကွယ်ထိန်းသိမ်းရန် အသိပညာပေးသည့်အနေဖြင့် World Wildlife Day ကို စတင်ဂုဏ်ပြုခဲ့သည့် နေ့ ဖြစ်ပါတယ်။ 🤗🤗🤗 ၂၀၁၃ ခုနှစ်မှ စတင်၍ United Nation General Assembly မှ World Wildlife Day ကို မတ်လ ( ၃ ) ရက်နေ့တွင် ဂုဏ်ပြုကျင်းပရန် သတ်မှတ်ခဲ့ကြပါတယ်။ ၂၀၂၄ ခုနှစ်၊ World Wildlife Day ဆောင်ပုဒ်မှာ (Connecting People and Planet: Exploring Digital Innovation in Wildlife Conservation) ဟူ၍ ကွန်ပျူတာ ကိန်းဂဏန်းဆိုင်ရာ အချက်အလက်များဖြင့် ဆန်းသစ်တီထွင်၍ တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းကာကွယ်ခြင်း ဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန်များသည် ဂေဟစနစ်ကို ဟန်ချက်ညီမျှအောင် ထိန်းသိမ်းဆောင်ရွက်ကြရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက် ရှိကြပါတယ်။ ဝတ်မှုန်ကူးခြင်းမှသည်...
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women's Day) ကမ္ဘာပေါ်ရှိ တိုင်းပြည်အများစုတွင် အမျိုးသားဦးရေထက် အမျိုးသမီးဦးရေ ပိုမိုများပြားလျက်ရှိသည်။ ဤသို့ အမျိုးသမီးဦးရေများပြားလာမှုနှင့်အတူ အမျိုးသားများနည်းတူ အမျိုးသမီးများကိုလည်း တန်းတူရည်တူအခွင့်အရေးပေးနိုင်အောင် ဆောင်ရွက်ကြရသည်။ အမျိုးသမီးများအခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာကြသည်။ အမျိုးသမီးများ၏ စွမ်းရည်ကို မြှင့်တင်ဆောင်ရွက်လာကြသည်။ ထို့ကြောင့်ပင် နှစ်စဉ်နှစ်တိုင်း မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day) အဖြစ်သတ်မှတ်ကာ ကမ္ဘာတစ်ဝန်း အမျိုးသမီးကဏ္ဍကို ကျယ်ပြန့်စွာဖော်ထုတ်ရန် အခမ်းအနားများ ကျင်းပလေ့ရှိသည်။ နှစ်စဉ်ဆောင်ပုဒ်တစ်ခုသတ်မှတ်ထုတ်ပြန်လျက် အမျိုးသမီးကဏ္ဍကို မြှင့်တင်ရန် အသိပေးလေ့ရှိသည်။ အမျိုးသမီးများ စွမ်းရည်ကို မြှင့်တင်ပေးပြီး တိုင်းပြည်နှင့် လူမျိုး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်ကြရန် အသိပေးတိုက်တွန်းထားခြင်းဖြစ်သည်။ ကမ္ဘာ့လူဦးရေ တိုးတက်များပြားလာချိန် ဤသို့တိုက်တွန်းလိုက်ခြင်းသည် အလွန်ပင် အကြောင်းအကျိုး ဆက်စပ်မှုရှိလာသည်။ ခေတ်ကာလ အခြေအနေအရ လိုက်လျောညီထွေရှိလှသော တိုက်တွန်းဆော်ဩမှုပင်ဖြစ်သည်။ အမျိုးသမီးများ၏ ပင်ကိုဗီဇသည် များသောအားဖြင့် အားနွဲ့ကြသူများဖြစ်သော်လည်း အမျိုးသားများနှင့်အပြိုင် ကာယအား၊ ဉာဏအား၊ စိတ်ဓာတ်စွမ်းအားများ မွေးမြူနိုင်ရမည်။ အမျိုးသားများနည်းတူ လက်ရုံးရည်၊ နှလုံးရည်စွမ်းရည်များ ကြံ့ခိုင်သူများဖြစ်အောင် ကြိုးစားအားထုတ်နိုင်ရမည်။ အရည်အချင်းပြည့်ဝပြီး စိတ်ဓာတ်ကြံ့ခိုင်အောင် ကြိုးစားရမည်။ လုပ်ရည်ကိုင်ရည် ထက်ထက်မြက်မြက် လုပ်ကိုင်နိုင်ကြရမည်ဖြစ်သည်။ သို့မှသာ အမျိုးသမီးများ၏ စွမ်းရည်သည်...
အရှေ့တောင်အာရှ တိရစ္ဆာန်ဥယျာဉ်များနှင့် ငါးပြတိုက်များအစည်းအရုံး (Southeast Asia Zoos and Aquariums Association-SEAZA) အဖွဲ့ကြီး၏ လုပ်ငန်းခွဲကော်မတီတစ်ခု ဖြစ်သည့် Animal Welfare and Ethic Committee-AWEC သည် ပုံမှန်ကျင်းပမြဲဖြစ်သော Online Zoom Meeting ကို ၂၀၂၄ ခုနှစ်၊ မတ်လ(၆) ရက်နေ့ နေ့လည် (၁:၃၀) မှ (၂:၃၀) ထိ ကျင်းပပြုလုပ်သွားခဲ့ရာ မြန်မာနိုင်ငံ၊ Htoo Zoos and Gardens Business မှ AWEC ကော်မတီဝင် ဒေါက်တာမြင့်သိန်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ကော်မတီသည် SEAZA မှချမှတ်ပေးထားသော တိရစ္ဆာန်မျိုးစိတ်များ၏ မွေးမြူခြင်းဆိုင်ရာ လမ်းညွှန်ချက် (Husbandry Guideline) ကို ရေးဆွဲမည်ဖြစ်ပြီး ကနဦးစီမံကိန်း Pilot Project အတွက် Best Practice Guidelines များရှိပြီးဖြစ်သည့် လူဝံမျိုးစိတ် အော်ရမ်အူတန် (Orangutan) အား ရွေးချယ်ခဲ့ကြပါသည်။ ထို့အပြင် AWEC အနေဖြင့် တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာဖော်ဆောင်နိုင်ရေးနှင့် ပတ်သက်ပြီး လက်ရှိစစ်ဆေးတွေ့ရှိခဲ့သည့် အတွေ့အကြုံများကို ဖလှယ်ခဲ့ကြပြီး အစည်းအဝေးတွင် တိရစ္ဆာန်ဥယျာဉ်များရှိ တိရစ္ဆာန်များ၏...
🐻 ကမ္ဘာ့ဝက်ဝံများနေ့ 🐻 (World Bear Day) ကမ္ဘာပေါ်တွင် အာရှတိုက်၊ ဥရောပတိုက်၊ တောင်အမေရိကတိုက်နှင့် မြောက်အမေရိကတိုက်ကြီးများတွင် ဝက်ဝံမျိုးစိတ် (၈) မျိုး ပျံ့နှံ့ ရှင်သန်ကျက်စားကြပါတယ်။ ထိုမျိုးစိတ် (၈) မျိုးထဲမှ (၂) မျိုးသည် မြန်မာနိုင်ငံတွင် ရှင်သန်နေထိုင်ကျက်စားသည်ကို တွေ့ရှိရပါတယ်။ ဝက်ဝံမျိုးစိတ် ( ၈ ) မျိုးမှာ North American Black Bear, Brown Bear, Polar Bear, Asiatic Black Bear, Andean Bear, Panda Bear, Sloth Bear နှင့် Sun Bear တို့ ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် ဟိမဝန္တာဝက်ဝံ (Asiatic Black Bear) နှင့် ခွေးဝံ (ခေါ်) ပသျှူးဝက်ဝံ (Sun Bear) ဟူ၍ မျိုးစိတ် (၂)မျိုး ရှင်သန်နေထိုင်ကြပါတယ်။ ၁၉၉၂ ခုနှစ်မှ စတင်၍ ကမ္ဘာ့ဝက်ဝံများနေ့ကို ကျင်းပခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်း (၃၂) နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့ဝက်ဝံများနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ...
🎉 Happy National Zoo Lovers Day! 🐾❤️ တိရစ္ဆာန်ဥယျာဉ်ချစ်သူများနေ့ ( National Zoo Lovers Day) ကို နှစ်စဉ် ဧပြီလ (၈) ရက်နေ့၌ အမေရိကန်နိုင်ငံတွင် အဓိက ကျင်းပပြုလုပ်လေ့ရှိပါတယ်။ တိရစ္ဆာန်ဥယျာဉ်ချစ်သူများနေ့ကို - တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အသိအမြင်များ ပိုမိုတိုးပွါးလာစေရန် - မျိုးသုဉ်းလုနီးပါးမျိုးစိတ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်နိုင်ရန် - မိမိနိုင်ငံတွင်းရှိ တိရစ္ဆာန်ဥယျာဉ်များနှင့် ဥယျာဉ်များအတွင်း ထိန်းသိမ်းမွေးမြူစောင့်ရှောက်ထားသည့် တောရိုင်းတိရစ္ဆာန်များကို ပိုမိုချစ်ခင်မြတ်နိုးကာ ယင်းတို့၏ ကောင်းကျိုးချမ်းသာအတွက် ပိုမိုဆောင်ရွက်နိုင်စေရန် - လူအများကို သဘာဝနှင့် ပိုမိုနီးစပ်လာစေရန် - တိရစ္ဆာန်ဥယျာဉ်များတည်ရှိနေခြင်း၏ အရေးကြီးသော အခန်းကဏ္ဍကို အသိအမှတ်ပြုရန်နှင့် တိရစ္ဆာန်ဥယျာဉ်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပိုမိုပူးပေါင်းပါဝင်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။ 🌿 🐾❤️ ဒီနေ့မှာတော့ တိရစ္ဆာန်ဥယျာဉ်နဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေနှင့် ဥယျာဉ်အတွင်းမှာထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဘယ်တိရစ္ဆာန်လေးတွေကို အနှစ်သက်ဆုံးလဲဆိုတာကို မျှဝေပေးသွားကြပါဦး 🐯🐻🐵
မြန်မာ့နှစ်ကူး အချိန်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပြီး လိုအင်ဆန္ဒများပြည့်ဝပါစေကြောင်း တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 💦🌿
🐧ကမ္ဘာ့ပင်ဂွင်းများနေ့ (World Penguin Day) 🐧 နှစ်စဉ် ဧပြီလ (၂၅) ရက်နေ့ကို ကမ္ဘာ့ပင်ဂွင်းများနေ့အဖြစ် သတ်မှတ်ထားပြီး လူထုအတွင်း ထိန်းသိမ်းရေး အသိအမြင်များ တိုးပွါးလာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။ ပင်ဂွင်းဌက်များသည် အတောင်ပံအစား ရေကူးနိုင်ရန် ရေယက်များသာပါရှိသည့် မပျံသန်းနိုင်သော ပင်လယ်ငှက်မျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ ပင်ဂွင်းငှက် မျိုးစိတ်အချို့သည် ပူနွေးသောရာသီဥတုတွင် နေထိုင်နိုင်ကြသော်လည်း မျိုးစိတ်အများစုသည် ရေခဲသော အန္တာတိကတိုက်တစ်ဝိုက် တောင်ဝင်ရိုးစွန်းဘက်ခြမ်းတွင်သာ နေထိုင်ကြပါတယ်။ ပင်ဂွင်းငှက်မျိုးစိတ်များသည် အနက်ရောင်ကိုယ်ထည်နှင့် အဖြူရောင်ဝမ်းဗိုက်များရှိကြပြီး ရေကူးနေစဉ်အတွင်း ယင်းတို့၏ ရေထဲမှအရိပ်သည် အန္တရာယ်ပေးနိုင်သော ကျားသစ်၊ပင်လယ်ဖျံများနှင့် ဝေလငါးများ၏ရန်မှ ကာကွယ်ပေးထားပြီး သဘာဝကပေးသည့် လက်ဆောင် အကာအကွယ်ပင်ဖြစ်ပါတယ်။ ရေကူးရန် ရေယက်များသာပါရှိသည့် ပင်ဂွင်းငှက် များသည် လေထဲတွင် မပျံသန်းနိုင်သော်လည်း ရေထဲမှ ရေခဲတုံးများပေါ်သို့ခုန်တက်သည့်အခါ ရေယက်များ၏ အကူအညီဖြင့် ခုန်တက်နိုင်ပါတယ်။ ပင်ဂွင်းငှက်များသည် တစ်နာရီ (၄) မိုင် မှ (၇) မိုင်နှုန်းဖြင့် ရေအောက်တွင် ကူးခပ်နိုင်သော်လည်း ဂန်တိုပင်ဂွင်းငှက်မျိုးစိတ်သည် တစ်နာရီလျှင် (၂၂) မိုင်နှုန်းဖြင့် လျင်မြန်စွာ ကူးခပ်နိုင်ကြပါတယ်။ပင်ဂွင်းငှက်များသည် ပင်လယ်နှင့် ကုန်းမြေအကြား အာဟာရဓာတ်များပါဝင်သော မစင်များကို မြေဩဇာအဖြစ် ကုန်းမြေပေါ်သို့ ပို့ဆောင်ပေးပြီး ကုန်းမြေနှင့် အဏ္ဏဝါဂေဟစနစ်ကို များစွာ...
🐆 အပြည်ပြည်ဆိုင်ရာ ကျားသစ်များနေ့ 🐆 နှစ်စဉ် မေလ (၃) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ကျားသစ်များနေ့ (International Leopard Day) အဖြစ် ဂုဏ်ပြုကျင်းပလျက်ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ ကျားသစ်များနေ့ကို ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ ကျားသစ်မျိုးစိတ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် ဘေးအန္တရာယ်များနှင့် ကမ္ဘာပေါ်ရှိ ယင်းတို့ ရှင်သန်ကျက်စားရာ နေရင်းဒေသများ ဆုံးရှုံးလာခြင်းကို သိရှိစေရန် ရည်ရွယ်၍ ဂုဏ်ပြုကျင်းပရခြင်းဖြစ်ပါတယ်။ ကျားသစ်များသည် ကြောင်ကြီးမျိုးနွယ်ဝင်မျိုးစိတ်များထဲမှ တစ်မျိုးဖြစ်ကြပြီး ကမ္ဘာပေါ်တွင် ကျားသစ်မျိုးစိတ် (၉) မျိုး ရှင်သန်နေထိုင်ကျက်စားလျက်ရှိသည့်အနက် မြန်မာနိုင်ငံတွင် အင်ဒိုချိုင်းနား ကျားသစ်မျိုးနွယ် ရှင်သန်နေထိုင်ကျက်စားသည်ကို တွေ့ရှိရပါတယ်။ ကျားသစ်များသည် သဘာဝထဲတွင် တစ်ကောင်တည်းသာ နေထိုင်လေ့ရှိကြပြီး မိတ်လိုက်မျိုးပွားချိန်ရောက်မှသာ အထီးနှင့်အမ ယှဉ်တွဲနေထိုင်တတ်ကြပါတယ်။ ကျားသစ်များသည် အချိန်အများစုကို သစ်ပင်များပေါ်တွင်သာ ကုန်ဆုံးလေ့ရှိတတ်ကြသည့် သတ္တဝါများ ဖြစ်ကြပါတယ်။ ကြောင်ကြီးမျိုးနွယ်ဝင်များထဲတွင် ခန္ဓာကိုယ်အရွယ်အစား အသေးငယ်ဆုံး ဖြစ်ကြသော်လည်း ကျွမ်းကျင်သည့် သစ်ပင်တက်သမားများဖြစ်ကြပါတယ်။ ကျားသစ်များ၏ ခန္ဓာကိုယ်အောက်ခံအညိုရောင်ပေါ်တွင် ကျက်စားရာနေရာဒေသအလိုက် စက်ဝိုင်းပုံနှင့် စတုရန်းပုံသဏ္ဍန်ရှိသော အနက်ရောင်အပွင့်များဖြင့် ဖုံးအုပ်ထားပါတယ်။ ရင်ဘတ်၊ ခြေဖဝါး၊ မျက်နှာနှင့် အမြီးတို့တွင် အနက်ရောင်အကွက်များရှိသည့်အပြင် ခန္ဓာကိုယ်ပေါ်တွင်လည်း အနက်ရောင်အကွက်လေးများပါရှိတတ်ပါတယ်။...
🐅🐆မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့ (Endangered Species Day) 🦏🐘 မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့ (Endangered Species Day) ဆိုသည်မှာ တောရိုင်းတိရစ္ဆာန်နှင့် မျိုးစိတ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လူတိုင်းတွင် တာဝန်ရှိကြောင်းကိုအသိပညာပေးတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ 🐅🦏🌳 "မျိုးသုဉ်းရန်အန္တရာယ်ရှိသော" ဟူသည့် စကားရပ်၏ အဓိပ္ပါယ်မှာ လူ (သို့မဟုတ်) ပြင်ပ သက်ရောက်မှုတစ်ခုခုကြောင့် နေရင်းဒေသအတွင်းရှိ ဇီဝမျိုးစိတ်တစ်မျိုး၏ အရေအတွက်သည် စံသတ်မှတ်ချက်များအရ အလွန်အမင်းကျဆင်းနေခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ 🦏🐘🌳 မျိုးစိတ်ဟု ခေါ်ဆိုရာတွင် မျိုးရိုးဗီဇ ဖလှယ်ခြင်း (သို့မဟုတ်) အပြန်အလှန်ပေါက်ပွားနိုင်သော သတ္တလောကနှင့် ရုက္ခလောကရှိ ဇီဝရုပ်များကို ဆိုလိုခြင်းဖြစ်ပါတယ်။ 🐢🐘🌳 ကမ္ဘာကြီးရဲ့ ဂေဟစနစ် ပြောင်းလဲလာခြင်း၊ ကမ္ဘာ့လူဦးရေ ပိုမိုများပြား တိုးပွားလာခြင်း၊ အလွန့်အကျွံ့ အမဲလိုက်ခံရခြင်း၊ ရှင်သန်ပေါက်ဖွားရာ နေရင်းဒေသများ နည်းပါးလာခြင်းတို့က မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်နှင့်နီးစပ်ကာ ကမ္ဘာကြီးပေါ်မှ အပြီးတိုင်ပျောက်ကွယ်မည့် အရေးနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ 🐅🌱🌳🌏 မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်ကြုံ တွေ့နေရသော ဇီဝမျိုးစိတ်များထဲတွင် နို့တိုက်သတ္တဝါမျိုးစိတ်များ၊ ငှက်မျိုးစိတ်များ၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါမျိုးစိတ်များ၊ ရေနေသတ္တဝါမျိုးစိတ်များ၊ အပင်မျိုးစိတ်များ အများအပြားရှိနေပါတယ်။ 🦥🦒🐋🦆 ...
🐢 ကမ္ဘာ့လိပ်များနေ့ (World Turtle Day) 🐢 နှစ်စဉ် မေလ (၂၃) ရက်နေ့ကို ကမ္ဘာ့လိပ်များနေ့အဖြစ် သတ်မှတ်ထားပြီး လူထုအတွင်း ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး အသိအမြင်များ တိုးပွါးလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်။ လိပ်များ၏သမိုင်းကြောင်းကို ဖော်ပြရမည်ဆိုလျှင် ရှေးလွန်ခဲ့သော နှစ်သန်းပေါင်းများစွာ ဒိုင်နိုဆောသတ္တဝါ (Dinosaurs) များ မပေါ်ပေါက်ခင်ကာလ၊ နှစ်သန်းပေါင်း (၃၉၅ မှ ၂၂၅) ပလီအိုဇိုအစ် (Paleozoic Era) ခေတ်အတွင်းရှိ ပါမီယမ် (Permian Period) ကာလ၊ လွန်ခဲ့သော နှစ်သန်းပေါင်း (၂၉၀) ခန့်ကတည်းက ကမ္ဘာမြေပေါ်သို့ ပထမဦးဆုံး အောင်မြင်စွာ လုံးလုံးလျားလျား ခြေချနိုင်ခဲ့သည့် ရှေးကျသော တွားသွားသတ္တဝါများ (Primitive Reptiles) မှ တစ်ဆင့်၊ ဆင့်ကဲဖြစ်စဉ်အရ တိုးတက်ပြောင်းလဲလာပြီး လွန်ခဲ့သော နှစ်သန်းပေါင်း(၂၆၀) ခန့်မှစတင်ပြီး ကမ္ဘာမြေပေါ်တွင် ယနေ့ထက်တိုင် နှစ်ပေါင်းရှည်ကြာစွာ ရှင်သန်ပေါက်ပွားနေထိုင်လာခဲ့ကြသည့် တွားသွားသတ္တဝါများဖြစ်ကြပါတယ်။ 🐢🌏 ကမ္ဘာမြေပေါ်တွင် ယနေ့ထက်တိုင် နှစ်သန်းပေါင်းရှည်ကြာစွာ ရှင်သန်ပေါက်ပွား နေထိုင်လာခဲ့ကြသည့် တွားသွားသတ္တဝါများ ဖြစ်ကြသည့် ဖိုးသက်ရှည်လိပ်များသည် လူသားတို့အတွက် အသားနှင့်ဥအား အစားအစာအဖြစ်...
🦦 ကမ္ဘာ့ဖျံများနေ့ (World Otter Day) 🦦 နှစ်စဉ်နှစ်တိုင်း မေလ၏နောက်ဆုံးသော ဗုဒ္ဓဟူးနေ့ကို ကမ္ဘာ့ဖျံများနေ့အဖြစ် International Otter Survival Fund (IOSF) မှ စတင်ဂုဏ်ပြုသတ်မှတ်ထားပြီး ဖျံမျိုးစိတ်များ၏ ဂေဟစနစ်အတွင်း အရေးပါပုံကို သိရှိစေရန်နှင့် ဖျံမျိုးစိတ်တို့၏ ရှင်သန်ကျက်စားနိုင်သည့် နေရာများ လျော့နည်းလာခြင်း အစရှိသည်တို့ကို သတိပြုမိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်။ 🎉🎉🎉 ဖျံများသည် သွက်လက်သော ပင်ကိုယ်သဘာဝရှိကြပြီး အသိဉာဏ်မြင့်မားသော မျိုးစိတ်တစ်မျိုး ဖြစ်ပါတယ်။ ဖျံမျိုးစိတ်ပေါင်း (၁၃) မျိုးထိရှိကြပြီး ဩစတေးလျတိုက်နှင့် အန္တာတိကတိုက်တို့မှလွဲ၍ ကမ္ဘာပေါ်ရှိ တိုက်ကြီးများ၏ ရေချိုမြစ်ချောင်း အများစုတွင် တွေ့ရှိရသလို ပင်လယ်ကမ်းရိုးတန်း ဒေသတွင်လည်း တွေ့ရှိရပါတယ်။ ဖျံမျိုးစိတ် (၁၃) မျိုးထဲတွင် Giant Otter သည် အရွယ်အစားအကြီးဆုံးဖြစ်ပြီး တောင်အမေရိကတိုက်၏ အမေဇုန်မြစ်၊ လာပလာတာမြစ်နှင့် အော်ရီနိုကိုမြစ်တစ်လျောက်တွင် တွေ့ရှိနိုင်ပါတယ်။ 🦦🦦🦦 ဖျံမျိုးစိတ်တစ်မျိုးဖြစ်သော Sea Otter of North America (ပင်လယ်ဖျံ) သည် သူတို့နေထိုင်ရာ ပင်လယ်ကမ်းရိုးတန်းဒေသအတွက် အရေးပါသော မျိုးစိတ်တစ်မျိုး (Key Stone...
🐊 ကမ္ဘာ့မိကျောင်းများနေ့ (World Crocodile Day) 🐊 နှစ်စဉ် ဂျွန်လ (၁၇) ရက်နေ့ကို ကမ္ဘာ့မိကျောင်းများနေ့အဖြစ် သတ်မှတ်ထားပြီး မိကျောင်းများ၏ မျိုးသုဉ်းလုနီးပါးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရသောအခြေအနေနှင့် လူထုအတွင်း ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး အသိအမြင်များ တိုးပွါးလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်။ 🎉🎉🎉 မိကျောင်းများကို ကမ္ဘာ့နေရာတိုင်းနီးပါးတွင် တွေ့ရှိနိုင်ပြီး ရေချိုနှင့် ရေငန်နှစ်မျိုးစလုံးတွင် ရှင်သန်နေထိုင်နိုင်ကြပါတယ်။ မိကျောင်းများဟာ ငါး၊ ငှက်များနှင့် နို့တိုက်သတ္တဝါများကို ဖမ်းဆီးစားသောက်တတ်ပါတယ်။ 🐟🐊 မိကျောင်းများ၏ ပျမ်းမျှ သက်တမ်းမှာ နှစ်ပေါင်း (၇၀) ခန့်ရှိပြီး၊ ထိန်းသိမ်း မွေးမြူစောင့်ရှောက်ထားသည့် နေရာများတွင် သက်တမ်း နှစ် (၁၀၀) ကျော်အထိ ရှင်သန်နေထိုင်နိုင်ပါတယ်။ 🐊🐊🐊 မြန်မာနိုင်ငံတွင် မိကျောင်းမျိုးစိတ် (၄) မျိုး ရှင်သန်ပေါက်ဖွားခဲ့ကြောင်း မှတ်တမ်းမှတ်ရာများအရ သိရှိခဲ့ရသော်လည်း ယခုအခါတွင် ရေချို ရေငန်စပ် မိကျောင်းမျိုးစိတ်တစ်မျိုးတည်းသာ ဧရာဝတီတိုင်းဒေသကြီးတွင် ရှင်သန်ပေါက်ပွါးနေထိုင်လျက်ရှိပါတယ်။ 🐊🐊🐊 သို့ဖြစ်ပါ၍ မိကျောင်းမျိုးစိတ်များ ရေရှည်တည်တံ့စေရန်နှင့် မျိုးသုဉ်း ပျောက်ကွယ်မသွားစေရန် တိုက်တွန်းနှိုးဆော်ရင်း နေပြည်တော် ဆာဖာရီဥယျာဉ်တွင် မိကျောင်းမျိုးစိတ်များသာမက တခြားသော...
🦒ကမ္ဘာ့သစ်ကုလားအုတ်များနေ့ (𝐖𝐨𝐫𝐥𝐝 𝐆𝐢𝐫𝐚𝐟𝐟𝐞 𝐃𝐚𝐲) 🦒 ကမ္ဘာ့သစ်ကုလားအုတ်များနေ့ (𝐖𝐨𝐫𝐥𝐝 𝐆𝐢𝐫𝐚𝐟𝐟𝐞 𝐃𝐚𝐲) ကို ကမ္ဘာ့ပေါ်တွင် အရှည်လျှားဆုံးနေ့ (သို့မဟုတ်) ညကျရောက်သည့် ဇွန်လ (𝟐𝟏) ရက်နေ့ကို ကျင်းပခြင်းဖြစ်ပါတယ်။ 🎉🎉🎉 [ကမ္ဘာပေါ်တွင် သင်နေထိုင်သည့် နေရာပေါ်မူတည်ပါသည်] ကမ္ဘာ့သစ်ကုလားအုတ်များနေ့ကို (𝟐𝟎𝟏𝟒) ခုနစ်မှစတင်၍ နမ်ဘီးယားနိုင်ငံတွင် အခြေစိုက်သော 𝐆𝐢𝐫𝐚𝐟𝐟𝐞 𝐂𝐨𝐧𝐬𝐞𝐫𝐯𝐚𝐭𝐢𝐨𝐧 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 - 𝐆𝐂𝐅 က တစ်ကမ္ဘာ့လုံးရှိ သစ်ကုလားအုတ်များအား ထိန်းသိမ်းရန်ရည်ရွယ်၍ စတင်နှိုးဆော်ဆောင်ရွက်လာခြင်း ဖြစ်ပါတယ်။ 🦒🦒 သစ်ကုလားအုတ်များသည် ၎င်းတို့၏ မြင့်မားသောအရပ်နှင့် ထူးခြားသော လည်ပင်းရှည်များကြောင့် လူသိများပြီး၊ အာဖရိက 𝐒𝐚𝐯𝐚𝐧𝐧𝐚 ၏ အထင်ကရ အရပ်အရှည်ဆုံး နို့တိုက်သတ္တဝါများ ဖြစ်ကြပါတယ်။ ဂေဟစနစ်များတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပြီး အပင်များကို ဝတ်မှုန်ကူးသူများအဖြစ် တာဝန်ထမ်းဆောင်ကြပြီး ယင်းတို့၏ နေထိုင်ရာ ဒေသများ၏ သဘာဝပတ်ဝန်းကျင် ကောင်းမွန်စေရန် ကူညီထိန်းသိမ်းပေးကြပါတယ်။ သစ်ကုလား အုတ်များသည် မြင့်မားသော သစ်ပင်များ၏ အရွက်များကိုစားသုံးပြီး အပင်များကို ပုံဖော်သွင်းခြင်းဖြင့် အခြားသောမျိုးစိတ်များ ရှင်သန်နိုင်စေရန် မျှတသော သဘာဝပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။ 🌱🌳🦒 မကြာသေးမီ...
"ဟိမ၀န်တာ ၀ကျဝံ (Asiatic Black Bear)" မြန်မာနာမည် - ဟိမ၀န္တာ ၀က်၀ံ🐨🐨 အင်္ဂလိပ်နာမည် - Asiatic Black Bear သိပ္ပံနာမည် - Ursus thibetanus 👉👉ဟိမ၀န္တာ ၀က်၀ံများမှာ သွင်ပြင်လက္ခဏာအားဖြင့် အင်္ဂလိပ်အက္ခရာ ဗွီ ( V) ပုံသဏ္ဍန်အဖြူရောင် အမှတ်အသားကို ထင်ရှားစွာ တွေ့မြင်ရပါသည်။ 🐨🐨 တစ်ကောင်ချင်း နေထိုင်သွားလာ လှုပ်ရှားလေ့ရှိပြီး မျိုးပွားရာသီမှသာလျှင် အထီးအမ စုံတွဲတွေ့ရလေ့ရှိပါသည်။🐤🐇🥕🥬🥜 အစုံစားသတ္တ၀ါဖြစ်ပြီး သစ်သီး၊ သစ်ဖု နှင့် ကျောရိုးမဲ့သတ္တ၀ါများကို စားသောက်တတ်ပြီး 🐝🐝ပျားရည်ကို လွန်စွာကြိုက်နှစ်သက်ပါသည်။ ဟိမ၀န္တာ ၀က်၀ံများသည် သဘာ၀တောထဲတွင် သက်တမ်း (၂၅) နှစ်ခန့် နေထိုင်နိုင်ကြပါသည်။ ❗❗❗ဟိမ၀န္တာ ၀က်၀ံများကို IUCN Red List (အပြည်ပြည်ဆိုင်ရာ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအဖွဲ့) တွင် Vulnerable (VU) (မျိုးသုန်းရန်အန္တရာယ်ကျရောက်နိုင်သောမျိုးစိတ် ) အဖြစ်သတ်မှတ်၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားပါသည်။ မြန်မာနိုင်ငံတွင် (လုံး၀ကာကွယ်ထားသည့်) တောရိုင်းတိရစ္ဆာန်စာရင်းတွင် ထည့်သွင်းကာကွယ်ထားပါသည်။ 👉👉တိရစ္ဆာဥယျာဉ် (နေပြည်တော်)တွင် နို့တိုက်သတ္တ၀ါ၊ တွားသွား သတ္တ၀ါ၊ ရေနေ သတ္တ၀ါ များနှင့် ကျေးငှက် မျိုးစိတ်ပေါင်းများစွာကို ထိန်းသိမ်းစောင့်ရှောက်ထားပြီး...
"ကမ္ဘာ့မြွေထိန်းသိမ်းရေးနေ့ (World Snake Day)" နှစ်စဉ် ဇူလိုင်လ (၁၆) ရက်နေ့ကို ကမ္ဘာ့မြွေထိန်းသိမ်းရေးနေ့ (World Snake Day) အဖြစ် သတ်မှတ်ပြီး 🌏🌏ကမ္ဘာအနှံအပြားမှ တိရစ္ဆာန်ဥယျာဉ်များတွင် မြွေများနှင့်ပတ်သက်၍ လူထုအတွင်း ထိန်းသိမ်းစောင့်ရှောက်ရေးအသိအမြင်များ တိုးပွားလာစေရန် ရည်ရွယ်၍ ပညာပေးလှုပ်ရှားမှုများ ကျင်းပပြုလုပ်ကြပါသည်။ 👉👉မြွေများနှင့် ပတ်သက်၍ ဒဏ္ဍာရီများ၊ ရိုးရာပုံပြင်များတွင် လွဲမှားစွာဖော်ပြလေ့ရှိကြပြီး မြွေများ သည် Veranidae မျိုးရင်းဝင် 🐊🐊ဖွတ်အုပ်စုမှ ဆင်းသက်လာသည်ဟု ယုံကြည်ကြပါသည်။ Veranidae မျိုးရင်းဝင်ဖွတ်များသည် မြွေများနှင့်အနီးစပ်ဆုံး သက်ရှိဆွေမျိုးများ ဖြစ်ကြပြီး ဆင့်ကဲဖြစ်စဉ်များ အရ Veranidae မျိုးရင်းဝင်များသည် ခြေလက်များပျောက်ကွယ်သွားပြီး မြွေများအဖြစ်သို့ အသွင်ကူး ပြောင်းလာဟု သိရှိကြရပါသည်။ 🐍🐍 🦎🐊တွားသွားသတ္တဝါ မြွေမျိုးစိတ်များသည် လွန်ခဲ့ သော နှစ်သန်းပေါင်းများစွာ ကတည်းက 🦖🦕ဒိုင်နိုဆော်များနှင့် အတူရှင်သန်ခဲ့ပြီး ဒိုင်နိုဆော်များ မျိုးသုဉ်းပျောက်ကွယ် သွားသော်လည်း ယနေ့ အထိတိုင် မြွေများသည် ကမ္ဘာပေါ်တွင် သက်ရှိထင်ရှား ရှင်ကျန်ရှိနေပါသည်။ 👉👉မြွေများသည် ခြေ၊ လက်၊ နား၊ မျက်ခွံမပါရှိပါ၊ ဆီးအိမ်မပါရှိသည့် တွားသွားသတ္တဝါမျိုးစိတ်ဖြစ်ပါသည်။ 👬👭လူသားများ အနေဖြင့် မြွေများကိုတွေ့သည်နှင့် ၎င်းတို့အတွက် အန္တရာယ်ပေးနိုင်သည်ဟု...
👉👉တိရစ္ဆာန်ယျာဉ် (နေပြည်တော်) သည် 🚙ရန်ကုန် -မန္တလေး လမ်းဟောင်း👉👉၂၅၆ မိုင် ၂ဖာလုံ နှင့် ၂၅၇ မိုင် ကြား ရေဆင်းဆည်အနီး တွင် တည်ရှိပြီး 🐆🐅🐒🦓🐘တိရစ္ဆာန်မျိုးစိတ်ပေါင်းများစွာ ကို အများပြည်သူများ ဗဟုသုတရစေရန်နှင့် အပန်းဖြေလည်ပတ်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားပါသည်📣📣 👉👉တိရစ္ဆာန်ယျာဉ် (နေပြည်တော်) ကို ✨✨အခါကြီး ရက်ကြီးများနှင့် ✨✨လပြည့်လကွယ်နေ့များမှာပါ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားတာမို့ လာရောက်လေ့လာ အနားယူ အပန်းဖြေ လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်📣📣🤗🤗 နေ့စဥ်⏳⏳ နံနက် (၈:၀၀) နာရီမှ 🕓🕓 ညနေ (၄:၀၀) 🕗🕗နာရီထိ ဖွင့်လှစ်ထားပြီး ဝင်ကြေး လူကြီး -၂၅၀၀💁♀️💁♂️ ကလေး - ၁၅၀၀👧👦 ကျပ် ဖြင့် လာရောက်လည်ပတ်နိုင်ပါတယ်ရှင်🤗🤗
✨အပြည်ပြည်ဆိုင်ရာ လင်းတထိန်းသိမ်းရေးအသိပညာမြှင့်တင်ရေးနေ့✨ 👉👉🌍🌎ကမ္ဘာပေါ်တွင် ✨🗾အန္တာတိကတိုက်နှင့် ✨🗾သြစတြေလျှတိုက်မှလွဲ၍ ကျန်တိုက် ကြီးများ တွင် နေထိုင် ကျက်စားကြသော လင်းတများကို တိရစ္ဆာန်ယျာဉ် (နေပြည်တော်) တွင် စနစ်တကျ မွေးမြူပြသထားပါတယ်ရှင် 🤗🤗 👉👉🌎ကမ္ဘာပေါ်တွင်လင်းတမျိုးစိတ်ပေါင်း (၂၃) မျိုး ရှင်သန်ပေါက်ပွားနေထိုင်ကြပြီး အမေရိကတိုက်တွင် နေထိုင်သော လင်းတ မျိုးစိတ်များကို ✨✨🌍ကမ္ဘာသစ်လင်းတဟုခေါ်ပြီး အာရှတိုက်၊ ဥရောပတိုက်နှင့် အာဖရိကတိုက်တို့တွင်တွေ့ရှိရသော လင်းတမျိုးစိတ်များကို ✨✨🌍ကမ္ဘာဟောင်းလင်းတ မျိုးစိတ်များရယ်လို့ ခွဲခြားသတ်မှတ်ထားပါတယ် 👉👉လင်းတများရဲ့ အမူအကျင့် များက သဘာဝ ပတ်ဝန်းကျင်ကိုသန့်ရှင်းစေရုံသာမက မြေကြီးကိုလည်း မြေသြဇာကောင်းမွန်အောင် အထောက်အကူပြုပေးပြန်ပါတယ်🤗🤗 👉👉လင်းတတွေရဲ့ထူးခြားတဲ့ အမူအကျင့်ကတော့ ဆွေးမြေ့နေသော ရုပ်အလောင်းများ၏ အကြွင်းအကျန်များကို သန့်ရှင်းပေးခြင်းဖြင့် အနံ့ အသက်ဆိုးများကို ကာကွယ်တားဆီးနိုင်သည့်အပြင် ကာဗွန်ထုတ်လွှတ်မှုကို သိသိသာ သာ လျှော့ချပေးနိုင်ပြီး ဗက်တီးရီးယာ ကြောင့်ဖြစ်ပေါ်နိုင်သည့် အဆိပ်သင့်ရောဂါ (botulism) နှင့် ပလိပ်ရောဂါကဲ့သို့သော ဘက်တီးရီးယားများကို ဖယ်ရှားပေးပါတယ်✨✨ 👉👉လင်းတမျိုးစိတ်များ အကောင်ရေလျှော့နည်းလာခြင်း၏ အဓိကပြဿနာမှာ အဆိပ်သင့် အသေကောင်များကို စားသုံးမိခြင်းကြောင့် 👉👉လင်းတမျိုးစိတ်များ မျိုးသုဉ်းမည့်အန္တရာယ် နှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါသည်။ ယခုအခါနိုင်ငံတကာမှ 👉👉လင်းတမျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်မသွားစေရန် ဝိုင်းဝန်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်လျှက်ရှိပါတယ်🤗🤗 တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်) မှာ ဆိုရင်...
🦝အပြည်ပြည်ဆိုင်ရာ ပန်ဒါနီထိန်းသိမ်းရေးနေ့ (International Red Panda Day)🦝 ပန်ဒါနီများသည် DNA စစ်ဆေးချက် အရ မျိုးစိတ် (၂) ✌️မျိုးရှိကြောင်း သိရှိရပါတယ်။ အမဲလိုက်ခံရခြင်းနှင့်နေရင်းဒေသများ ဆုံးရှုံးလာခြင်းများကြောင့် မျိုးသုဉ်းမှု အန္တရာယ် နှင့် ကြုံတွေ့နေရပြီဖြစ်ပါတယ်။⚠️ ဒါကြောင့်ထိန်းသိမ်းရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရန် အရေးကြီးပါကြောင်း သိပ္ပံပညာရှင်များ အသိပေးထားပါတယ်။ ထို့နောက်တရုတ်၊ အိန္ဒိယ၊ နီပေါ၊ ဘူတန်နှင့် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တောင်တန်း ဒေသများတွင်ကောင်ရေ တစ်သောင်းကျော် နေထိုင်ကျက်စားသော်လည်း နေ့စဉ်ကောင်ရေ များစွာလျော့နည်းလျှက်ရှိပြီး ရေနှင့်နီးသော နေရာများနှင့် ဝါးတောများထူထပ်သော နေရာများ တွင်နေထိုင်လေ့ရှိကြပါတယ်။တရုတ်နိုင်ငံရှိ ပန်ဒါနီများသည် အနီရောင်အမွှေးများပြီး အမြီးတွင် အနီရောင် အစင်းကွင်း များပါရှိ၍ဟိမဝန္တာပန်ဒါနီများ၏ မျက်နှာမှာပို၍ဖြူပါတယ်။ ပန်ဒါနီများသည် နေ့ဘက်ထက် မနက်စောစောနှင့် ညနေစောင်းအချိန်များတွင် လှုပ်ရှားသွားလာအစာရှာလေ့ရှိပြီး ရာသီဥတုအပြောင်းအလဲပေါ်မူတည်၍ နေ့အချိန်များတွင် သစ်ပင်🌳များပေါ် တွင်မှေးစက်အနားယူလေ့ရှိကြပါတယ်။ပန်ဒါနီများသည် ရောဂါ၊ သဘာဝ ဘေးအန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိကြပြီး အပူချိန်မြင့်လာသည်နှင့်အမျှ ရာသီဥတုအေးပြီး ပို၍ မြင့်မားသော အရပ်သို့ ပြောင်းရွေ့နေထိုင်၍ ဘေးအန္တရာယ်နှင့် တွေ့ကြုံနေရချိန်တွင် ပန်ဒါနီများသည် ဟောင်သံ (သို့မဟုတ်) ၎င်းတို့ အမြီးအရင်းရှိ ဂလင်းမှ အနံ့စူးရှသောအရည်များကို စစ်ထုတ်ပေးပါတယ်။ ထိုအနံ့သည်...
🦏ကမ္ဘာ့ကြံ့များနေ့ (World Rhino Day 2024)🦏 🦏ကြံ့တွေဟာ ကုန်းနေနို့တိုက်သတ္တဝါများတွင် ဒုတိယ ခန္ဓာကိုယ်အရွယ်အစား အကြီးဆုံး ဖြစ်ပြီး ပျှမ်းမျှကိုယ်အလေးချိန် ၁၀၀၀ ကီလိုဂရမ် (၂၂၀၀ပေါင်) ကနေ ၃၅၀၀ ကီလိုဂရမ် (၇၇၀၀ ပေါင်)အထိ အရွယ်အစားကြီးမားကြပါတယ်။ ကမ္ဘာပေါ်တွင် ကြံ့မျိုးစိတ် (၅) မျိုး🖐️ ရှင်သန်ပေါက်ပွား ပြီးအာရှတိုက်တွင် အိန္ဒိယကြံ့၊ ဆူမတြားကြံ့နဲ့ ဂျာဗားကြံ့ (၃)မျိုးရှိ၍ အာဖရိကတိုက်တွင် ကြံ့မဲနှင့် ကြံ့ဖြူဟူ၍(၂) မျိုး✌️တွေ့ရပါတယ်။ အိန္ဒိယကြံ့တွေဟာဆိုရင် အာရှတိုက်တွင်တွေ့ရသော ကြံ့မျိုးစိတ်(၃)မျိုးအနက် အရွယ်အစား အကြီးဆုံးဖြစ်ပြီး အာဖရိကတိုက်မှာတွေရတဲ့ ကြံ့ဖြူတွေဟာ ကြံ့မျိုးစိတ်(၅)မျိုးအနက် အရွယ်အစားအကြီးဆုံးဖြစ်ပါတယ်။(oh)(eyes) ကြံ့ (The Rhinoceros)🦏 ဆိုတဲ့စကားဟာ ဂရိဘာသာ စကားမှ ဆင်းသက်လာခြင်း ဖြစ်ပြီး နှာခေါင်းတွင် ချို(ဂျို)ပါခြင်းဟူသော အဓိပ္ပါယ်ဖြစ်ပါတယ်။ ကြံ့တွေဟာ ခန္ဓာကိုယ်အရွယ်အစား ကြီးမားကြပေမဲ့ တာတိုအကွာအဝေးကို လျှင်မြန်စွာ ပြေး နိုင်ပြီး တစ်နာရီကို (၅၀)မိုင်⚡နှုန်းနဲ့ ပြေးနိုင်ပါတယ်။ ဒါ့ကြောင့် ကြံ့တွေဟာ ကမ္ဘာကျော်အပြေးသမား အူစိန်ဘို့ ၏ စံချိန်တင်အပြေး နှုန်းမှာ ၄၄.၇၂ ကီလိုမီတာ⌛နှုန်းထက်သာအောင်ပြေးနိုင်တဲ့သတ္တဝါမျိုးစိတ်မျိုးဖြစ်ပါတယ်။ ကြံ့တွေရဲ့ အရေပြားဟာသံချပ်ကာ အင်္ကျီလိုမာကျောပြီး ၅စင်တီမီတာ📏 အထိ ထူပေမဲ့သူတို့တွေဟာ...
🦃ကမ္ဘာ့ ကက်ဆိုဝါရီနေ့(World Cassowary Day)🦃 Cassowary ဟာဆိုရင် အရောင်အသွေးတောက်ပပြီး ကြီးမားသန်မာတဲ့ ဒိုင်နိုဆော မျိုးစိတ်လိုမျိုး ခြေထောက်ရှိပြီး မပျံသန်းနိုင်တဲ့ ငှက်ကြီးမျိုးဖြစ်ပါတယ်။ Cassowary ငှက်မျိုးစိတ် (၃)😳မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ Southern Cassowary ၊ Northern Cassowary နှင့် Dwarf Cassowary တို့ပဲဖြစ်ပါတယ်။ ကတ်ဆိုဝါရီ ငှက်မျိုးစိတ် (၃) မျိုးထဲမှ အကြီးဆုံးဖြစ်တဲ့ Southern Cassowary ကို တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) တွင် ထိန်းသိမ်းမွေးမြူစောင့်ရှောက်ထားပါတယ်။😱 ထို့နောက် ၎င်းတို့ကိုဩစတေးလျနိုင်ငံနှင့် နယူးဂီနီကျွန်းများ🏝️ တွင် တွေ့ရှိရပါတယ်။ Cassowary တွေရဲ့အသွင်အပြင်ခန္ဓာလက္ခဏာဟာဆိုရင်ကိုယ်တွင်တောက်ပလှသော အနက်ရောင်အမွေးများရှိပြီးဦးခေါင်းတွင် ကြီးမားသည့် အမောက်ပါရှိ၍ လည်ပင်းသည် ခရမ်းရောင် (သို့) အပြာရောင် ရှိ၍ ရှည်လျားပြီး တွဲလောင်းကျနေတဲ့ အနီရောင် အဖက် (Red wattles)ပါရှိပါတယ်။ 🦃သူတို့မှာ ခြေချောင်း (၃) ချောင်းသာပါရှိပါတယ်။🫢 Cassowary ရဲ့ထူးခြားချက်တွေကတော့ အမများက ဥ ဥပြီး ထိုဥများကို🥚 အထီးတွေကသာဝပ်ပြီး ဥဝပ်ချိန်မှစ၍ သားပေါက်များအရွယ်ရောက်ကာ အစာရှာဖွေနိုင်သည့်အထိ အဖေကသာ ကျွေးမွေးပြုစုစောင့်ရှောက်လေ့ရှိကြပါတယ်။ ကက်ဆိုဝါရီငှက်တွေဟာ အကြောင်းအရင်းမရှိဘဲ အန္တရာယ် ပြုလေ့မရှိသော်လည်း ကလေးများနဲ့အတူ အစာစားနေချိန်တွေမှာ...
👨💼အပြည်ပြည်ဆိုင်ရာ တိရစ္ဆာန်ထိန်းများနေ့ (International Zookeeper Day) 👨💼 🦏တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာကို ဖော်ဆောင်ပေးနေတဲ့ သူတွေကို တိရစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်သူများ(Zoo Keepers) ဟုခေါ်ဆိုပါတယ်။ တိရစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်သူများ အနေနဲ့ တိရစ္ဆာန်များကို အဓိကတာဝန်ယူ ထိန်းသိမ်းပြုစုစောင့်ရှောက်ပေးနေသူများဖြစ်တဲ့ တိရစ္ဆာန်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေရန်အတွက်သာမက တိရစ္ဆာန် ဥယျာဉ်များ၏ အဓိက ရည်ရွယ်ချက်များဖြစ်သည့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးလုပ်ငန်း၊ ပညာပေးလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေ ရန် အဓိကအထောက်အကူ ပြုပေးနေသူများလည်း ဖြစ်ကြပါတယ်။ 🦒တိရစ္ဆာန်ထိန်းများရဲ့ ဝါသနာ၊ အနစ်နာ၊ လုပ်ငန်းကျွမ်းကျင်မှုတို့သည် တိရစ္ဆာန်ဥယျာဉ်များ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက် ရာတွင် ရှေ့တန်းကနေ တာဝန်ယူဆောင်ရွက်ပေးနေရသော ရှေ့တန်းတိုက်စစ်မှူးများပင်ဖြစ်ကြပါတယ်။ 🐘ကမ္ဘာပေါ်ရှိ တိရစ္ဆာန်ဥယျာဉ်များတွင် တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာနှင့် တိရစ္ဆာန်ဥယျာဉ် များ၏ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသော တိရစ္ဆာန်ထိန်း (Zoo Keepers) များအား ဂုဏ်ပြုသောအားဖြင့်နှစ်စဉ် အောက်တိုဘာလ (၄) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ တိရစ္ဆာန်ထိန်းများနေ့အဖြစ် သတ်မှတ်ပြီးဂုဏ်ပြုလိုက် ရပါတယ်။🎉 #naypyitawsafari #zookeeperday
✨သီတင်းကျွတ်လပြည်နေ့ ✨ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊အောက်တိုဘာ(၁၇) ရက်နေ့တွင် ကျရောက်သည် “သီတင်းကျွတ်လပြည့်နေ့ “ အဘိဓမ္မာအခါတော်နေ့တွင် မိတ်ဟောင်းမိတ်သစ်များအားလုံး စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းနှင့် ပြည့်စုံ၍ ကပ်ကြီး(၃)ပါး အန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေလို့ နေပြည်တော်ဆာဖာရီဥယျာဉ်( Nay Pyi Taw Safari)မိသားစုမှ ဆုမွန်တောင်းအပ်ပါတယ်….🙏🙏🙏 #naypyitawsafari #thatinkyut
ဒီနေ့ ပြောပြပေးသွားမှာကတော့ အယ်ဒါဘရာလိပ်ကြီးများ🐢 အကြောင်းပဲဖြစ်ပါတယ်။မြန်မာအမည် သီးသန့်မရှိပဲ အများသုံးအမည်မှာ Aldabra giant tortoise ဖြစ်ပြီး သိပ္ပံအမည်မှာ Aldabrachelys gigantea လို့ခေါ်ကြပါတယ်။ Aldabra တွေရဲ့သက်တမ်းဟာဆိုရင် (၁၅၀-၂၀၀) 🫢 ခန့်ထိနေထိုင်နိုင်ပြီး အိန္ဒိယသမုဒ္ဒယာအနောက်ဘက်ရှိ ကျွန်းစုများ🏞️တွင်တွေ့ရပါတယ်။အစုံစား သတ္တဝါများဖြစ်ကြပြီး အဓိကအားဖြင့် အသီးအရွက်🥦🥬🥒များကိုသာစားသုံးကြပါတယ်။တခါတရံ ကျောရိုးမဲ့သတ္တဝါလေးများ၊ အသေကောင်များကိုစားသုံးတက်ကြောင်းကိုလဲသိရှိရပါတယ်။ဒါကြောင့် ခုလို ဗဟုသုတတွေစုံစံုလင်လင်နဲ့ချစ်စရာကောင်းပြီး စိတ်ဝင်စရာကောင်းတဲ့အကောင်လေးတွေကိုကြည့်ဖို့ တိရစ္ဆာန်ဥယျာဉ်ကို အရောက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်.....၊၊😇 #naypyitawsafari #aldabratortoise #knowledgesharing
🙏တန်ဆောင်တိုင် ဆုတောင်း🙏 ✨မြန်မာတို့ရဲ့ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်တွေထဲကမှ တစ်ရက်ဖြစ်တဲ့ 🪔တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလ အခါတော်နေ့)🪔မှာ မိတ်ဟောင်းမိတ်သစ် ၊ ချစ်သူ ခင်သူများ 🤗အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာပြီး စိီးပွားလာဘ်လာဘများ💰 ဒီရေအလား တိုးတက်ကြပါစေကြောင်း✨ တိရစ္ဆာန်ဥယျာဉ် နေပြည်တော် (Naypyitaw Zoo )မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်.....။🙏🙏🙏 #naypyitawzoo #Tazaungdaing
🇲🇲အမျိုးသားနေ့……(တို့မမေ့)🇲🇲 ၂၀၂၄ခုနှစ်၊ နိုဝင်ဘာ (၂၅)ရက်၊ တနင်္လာနေ့တွင် ကျရောက်သော (၁၀၄)ကြိမ်မြောက်အမျိုးသားနေ့အား ဂုဏ်ပြုကြိုဆိုရင်း မြန်မာပြည်သူ/ပြည်သားများအားလုံးနင့် မိတ်ဟောင်းမိတ်သစ်များ အားလုံး စိတ်၏ချမ်းသားခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်း တိရစ္ဆာန်ဉယျာဉ်(နေပြည်တော်)မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🏻🙏🏻🙏🏻
OIAC private high school မှ ကျောင်းသား/သူ (၁၅၆) ဦး တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)🐅🐆🦓သို့ လာရောက်လည်ပတ်မှု အမှတ်တရမှတ်တမ်း ဓါတ်ပုံများ📷 #naypyitawzoo #OiACprivateschool
တိရစ္ဆာန်ယျာဉ် (နေပြည်တော်) တွင် နက္ခတာရာပြခန်းကို အများပြည်သူများ လေ့လာနိုင်ရန် ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ် အစိုးရအဖွဲ့အစည်းများ၊ ပြင်ပအသင်းအဖွဲ့များနှင့် ကျောင်းသူ/ကျောင်းသားများ အစုအဖွဲ့လိုက် လေ့လာနိုင်ရန် ရည်ရွယ်ပါတယ် နက္ခတာရာပြခန်း (နေပြည်တော်) ကို လူဦးရေ (15) လျှင် တစ်ကြိမ်ပြသပြီး တစ်ဦီး လျှင် (3500) ကျပ်နှုန်းဖြင့် ပိတ်ရက်မရှိ လာရောက်လေ့လာနိုင်ရန် ဖိတ်ခေါ်အပ်ပါတယ်
🤗🤗အားလုံးပဲ မဂ်လာပါ🤗🤗 တိရစ္ဆာန်ဥယျာဥ်(နေပြည်တော်) တွင် လွန်ခဲ့သော ၂နှစ်က မွေးမြူခဲ့သော 🦒🦒သစ်ကုလားအုတ်မလေး ❄️❄️စနိုးရဲ့ မွေးနေ့လေးကို 🧑🎄🧑🎄ခရစ်စမတ် နေ့လေးမှာ တိရစ္ဆာန်ယျာဉ် (နေပြည်တော်) သစ်ကုလားအုတ်ပြကွက်အနီးတွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်နော်🤗🤗 🦒🦒သစ်ကုလားအုတ်မလေး စနိုးရဲ့ မွေးနေ့ လေးမှာ တိရစ္ဆာန်ယျာဉ် (နေပြည်တော်) ရဲ့ ပညာပေး၀န်ထမ်းများနှင့် တိရစ္ဆာန်လေးများကို ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ တိလေးတွေရဲ့ ဆရာ၀န်တွေကနေ 🦒🦒သစ်ကုလားအုတ်လေးတွေအကြောင်းကို ဗဟုသုတရဖွယ် တင်ဆက်ပေးသွားမှာ ဖြစ်ပြီး မွေးနေ့ရှင် ❄️🦒🎊စနိုးလေး နှင့် အတူ သားသားမီးမီးတို့က 🎊🎊မွေးနေ့ ကိတ်ခွဲခြင်း အစီအစဉ်တွေ ပါ၀င်မှာ ဖြစ်လို့ လာရောက်ခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်🧑🎄🦒❄️🎊🤗
⛄⛄Merry Christmas ☃️☃️ "Spreading joy, love, and cheer—Merry Christmas and a Happy New Year!" ❄️❄️Merry Christmas to all of you.🌲🌲 #safaripark #ChristmasWish #Naypyitaw
🎉🎈🎊HAPPY NEW YEAR🎊🎈🎉 "As we step into a new year, may you find strength to overcome challenges and embrace every opportunity with courage and joy. Happy New Year!"🥳🎊🎇🎆 #HappyNewYear #Welcome2025 #Safaripark #Naypyitaw
🇲🇲 Myanmar Independence Day 🇲🇲 ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုပါသည်။ "Hailing the 77th anniversary of independence day 2025: Aspiration of the people for long-lasting independence" #NaypyitawZoo #77th #MyanmarIndependenceDay #Naypyitaw
🎊🐍🐍Gong Xi Fa Cai! Wishing you good health,happiness and abundance throughout of year of the snake🐍🐍🎉 #HlawgaPark #HappyChineseNewYear #YearOfSnake2025 🎊🐍🐍Gong Xi Fa Cai! Wishing you good health,happiness and abundance throughout of year of the snake🐍🐍🎉 #NaypyitawZoo #HappyChineseNewYear #YearOfSnake2025
🎊🎊 အပြည်ပြည်ဆိုင်ရာမြင်းကျားနေ့ International Zebra Day January 31, 2025🎊🎊 👉👉၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၃၁) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မြင်းကျားနေ့ဖြစ်ပါတယ်.. အပြည် ပြည်ဆိုင်ရာမြင်းကျားများနေ့မှာ မြင်းကျားလေးတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မျှဝေ လိုက်ပါတယ်…🤗🤗 ကမ္ဘာပေါ်မှာ မြင်းကျား(၃) မျိုးရှိပါတယ်…. 🦓ဂရီဗီမြင်းကျား(Grevy Zebra)၊ 🦓ပလိန်းမြင်းကျား (Plains Zebra) နှင့် 🦓တောင်ပေါ်မြင်းကျား (Mountain Zebra) ဆိုပြီး မြင်းကျား(၃) မျိုးရှင်သန်နေထိုင်ပါတယ်။ 👉👉မြင်းကျားတွေဟာအာဖရိကတိုက်မှာရှိတဲ့ နိုင်ငံများမှာ နေထိုင်ပါတယ်…🤗🤗 👉👉ထူးခြားချက်အနေနဲ့ကတော့ မြင်းကျားတွေရဲ့ အစင်းကြောင်းတွေဟာ လူတွေမှာရှိတဲ့ လက်ဗွေ တစ်ယောက်နှင့် တစ်ယောက်မတူသလို သူတို့ရဲ့ အစင်းကျားတွေကလည်း….တစ်ကောင်နှင့် တစ်ကောင်မတူကြပါဘူး🤗🤗 👉👉သူတို့ခန္ဓာကိုယ်မှာရှိတဲ့ အစင်းကြောင်းတွေက ရန်သူအလွယ် တကူမမြင်နိုင်အောင် ဖုံးကွယ် အကူအညီပေးပါတယ်🤗🤗 👉👉မြင်းကျားတွေဟာ တစ်နာရီကို (၆၅) ကီလိုမီတာနှုန်းနဲ့ပြေးနိုင်ကြပါတယ်🤗🤗 👉👉ဂရီဗီမြင်းကျား (Grevy Zebra)များဟာ ဆယ်စုနှစ်(၃) စုအတွင်း အကောင်ရေ (၅၄) ရာခိုင်နှုန်းခန့်ကျဆင်းသွားသည့်အတွက် နိုင်ငံတကာပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (IUCN) တွင် Endangered (EN) မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်အဖြစ် သတ်မှတ်ကာကွယ်ထားပါသည်။ ...
🎊အပြည်ပြည်ဆိုင်ရာ ငှက်ကုလားအုတ်များနေ့ International Ostrich Day ၂၀၂၅ခုနှစ်၊ဖေဖော်ဝါရီလ(၂)ရက်🎊 👉👉ကမ္ဘာပေါ်တွင် လွန်ခဲ့သောနှစ်သန်းပေါင်း(၁၈၄) သန်းခန့်က ဒိုင်နိုဆောများမှဆင်းသက်လာသည့် ခန္ဓာကိုယ်အကြီးမားဆုံးနှင့် မပျံသန်းနိုင်သည့် ငှက်ကုလားအုတ်များသည် ရိုးရိုးငှက်ကုလားအုတ် Common Ostrich (Struthio camelus) နှင့် ဆိုမာလီငှက်ကုလားအုတ် Somali ostrich (Struthio molybdophanes)၊ ဟူ၍ မျိုးစိတ်နှစ်မျိုး ရှင်သန်ပေါက်ပွားပါသည်။ 👉👉ငှက်ကုလား အုတ်များသည် ကမ္ဘာပေါ်တွင် အပြေးမြန် ဆုံးသောငှက်များဖြစ်ကြပြီး ရှည်လျားသန်မာသော ခြေထောက် များရှိသည့်အတွက် တစ်ခါခုန် လျှင် (၁၀) ပေကျော်ခန့်အထိ ခုန်နိုင်ကြပါသည်။ 👉👉ငှက်ကုလားအုတ်များသည် ကုန်းနေသတ္တဝါများထဲတွင် အကြီးဆုံးသောမျက်လုံးကို ပိုင်ဆိုင်ထား ကြပြီး မျက်လုံး အလျားမှာ(5) စင်တီမီတာခန့် နီးပါးရှိသဖြင့် ခြင်္သေ့ကဲ့သို့သော သားရဲမုဆိုးများ ကိုပင် အဝေးမှလှမ်း၍ မြင်နိုင်ပါသည်။ 👉👉 သူတို့ရဲ့ ရှည်လျားတဲ့ ခြေတံတွေနဲ့ ပေါ့ပါးတဲ့အရိုးတည်ဆောက်ပုံတွေကြောင့် သားရဲတွေဆီကနေ တစ်နာရီကို ကီလိုမီတာ (၈၀)နှုန်း အထိ ပြေးလွှားနိုင်ပါတယ်။ 👉👉ငှက်ကုလားအုတ်များသည်အစုံစားသတ္တဝါများဖြစ်ကြသော်လည်း အသီးအရွက်ကိုသာ အဓိက ထားစားသုံးကြပြီး ရံဖန်ရံခါ အသားစားသတ္တဝါများ၏ ကြွင်းကျန်ရစ် သည့်တိရစ္ဆာန်များ၏ အသားများကိုလည်း စားကြပါသည်။ 👉👉ရေမရှိဘဲ အချိန်အကြာကြီးအသက်ရှင်သန်နိုင်ပါသည်။ 👉👉အစာအိမ်(၃) လုံးပါရှိပြီး အစာချေရန်...
🇲🇲 ပြည်ထောင်စုနေ့ 🇲🇲 ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်သော (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ #NaypyitawZoo #78th #UnionDay2025
🎊World Hippopotamus Day (ဖေဖော်ဝါရီလ ၁၅ ရက်)🎊 ✨️ကမ္ဘာ့ရေမြင်းများနေ့သည် ကုန်းနေနို့တိုက်သတ္တဝါများထဲတွင် တတိယအကြီးဆုံးဖြစ် သည့် ထူးခြားသောရေမြင်းများအတွက် ဂုဏ်ပြုကျင်းပခြင်းဖြစ်ပြီး မျိုးသုဉ်းခြင်းမှ ကာကွယ်ရန် ပြည်သူများအား ထိန်းသိမ်းရေးအသိအမြင်များ ဖွင့်ပေးသော နေ့လည်းဖြစ်ပါသည်။ ✨️ 👉ယခုအခါ ရေမြင်းများကို ဇမ်ဘီယာနှင့် တန်ဇန်းနီးယား ကဲ့သို့သောနိုင်ငံများတွင် အများဆုံးတွေ့ရှိနိုင်ပါသည်။ 👉ယခုအခါ ရေမြင်းများ သည် အာဖရိကတိုက်အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် နေထိုင်ကြပါသည်။ 👉ရေမြင်း များသည် အသက်မရှုဘဲ ရေအောက်တွင် (၅) မိနစ်ခန့် ရေငုတ်နေထိုင်နိုင်ပါသည်။ 👉ယခုအခါ ရေမြင်းပု (Pygmy Hippopotamus) နှင့် ရိုးရိုးရေမြင်း (Common Hippopotamus)ဟူ၍ ရေမြင်းမျိုး စိတ်(၂) မျိုးသာ ကမ္ဘာပေါ်တွင် ကျန်ရှိပါတော့သည်။ 👉ရေမြင်းများသည် ရေအောက်၌ အချိန်များစွာနစ်မြုပ်နေရသည့် အဓိက အကြောင်းအရင်း များထဲမှတစ်ခုမှာ ပူပြင်းသောနေရောင်အောက်တွင် ယင်းတို့၏အရေပြားများ ခြောက်သွေ့ကွဲ အက်ခြင်းမှ ကာကွယ်ရန်ဖြစ်ပါသည်။ 👉 သူတို့၏ ခန္ဓာကိုယ်ကို အေးမြနေအောင် ကူညီပေးတာ ကြောင့် ရွှံ့ထဲမှာလူးရတာကိုလည်း နှစ်သက်ကြပါတယ်။ 👉သို့သော်လည်း ရေမြင်းများသည်...
✨️ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ World Wildlife Day (March 3rd)✨️ 👉ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ (World Wildlife Day) ကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်တွင် ကျင်းပြုလုပ်သည့် (၆၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ(UNGA) မှ နိုင်ငံတကာမှ မျိုးဆက်ပျက် သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင် ရာ (ကွန်ဗင်းရှင်း) သဘောတူ စာချုပ်(Convention on International Trade on Endangered Species of Wild Fauna and Flora-CITES) ကို လက်မှတ်ရေးထိုးခဲ့သည့် ၁၉၇၃ ခုနှစ် မတ်လ (၃) ရက်နေ့ကို ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ (World Wildlife Day) အဖြစ်သတ်မှတ်ကြေငြာ ရန် သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။ 👉ထိုအပြင် CITES အထွေထွေ အတွင်းရေးမှူးရုံးအား ကမ္ဘာ့ နေ့ထူးနေ့မြတ်များကို ကုလသမဂ္ဂပြက္ခဒိန်တွင် ကျင်းပနိုင်ရေးအတွက်ပံ့ပိုးပေးသော အဖွဲ့အစည်း အဖြစ်လည်း ဂုဏ်ပြုသတ်မှတ်ခဲ့ပါသည်။ 👉၂၀၂၅ ခုနှစ် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နေ့ ဆောင်ပုဒ်သည် "Wildlife Conservation Finance: Investing in People and Planet.” “ထိန်းသိမ်းရေးလုပ်ငန်းများအတွက်...
✨️ကမ္ဘာ့ဝက်ဝံများနေ့ (World Bear Day - 23rd March 2025)✨️ 👉ကမ္ဘာပေါ်တွင် ဝက်ဝံမျိုးစိတ် (၈)မျိုး ရှင်သန်ကျက်စားနေထိုင်ကြပါသည်။ 👉ထိုမျိုးစိတ် (၈)မျိုး ထဲမှ (၂)မျိုးသည် မြန်မာနိုင်ငံတွင် ရှင်သန်နေထိုင်ကျက်စားနေထိုင်သည်ကို တွေ့ရှိရပါသည်။ 👉 ဝက်ဝံ မျိုးစိတ် ( ၈ ) မျိုးမှာ North American Black Bear, Brown Bear, Polar Bear, Asiatic Black Bear, Andean Bear, Panda Bear, Sloth Bear နှင့်Sun Bear တို့ ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် ဟိမဝန္တာဝက်ဝံ (Asiatic Black Bear)နှင့် ခွေးဝံ (ခေါ်) ပသျှူးဝက်ဝံ (Sun Bear)ဟူ၍ မျိုးစိတ် (၂)မျိုး ရှင်သန်ကျက်စား နေထိုင်ကြပါသည်။ 👉ကမ္ဘာ့ဝက်ဝံများနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ရာသီဥတု ဖောက်ပြန်ခြင်း၏ ဆိုးကျိုးများ အကြောင်း အသိပညာပေးခြင်းဖြင့် ဝက်ဝံများကို ကာကွယ်ရန် လူတစ်ဦးချင်းနှင့် အဖွဲ့အစည်းများအား လှုံ့ဆော်ပေးရန်ဖြစ်သည်။ 👉၁၉၉၂ခုနှစ်မှ စတင်၍ကမ္ဘာ့ဝက်ဝံများနေ့ကို ကျင်းပခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်း (၃၂)...
၂၀၂၅ခုနှစ် မတ်လ ၁၈ရက် မှ ၁၉ ရက်နေ့အထိ Htoo Zoos and Gardens Business Unit နှင့် ထိုင်းနိုင်ငံ Zoological Park Organization-ZPOT တို့ပူးပေါင်း၍ Zoo Animals Health Management ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေ:ပွဲအား တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)၊ မန္တလေးတွင် ကျင်းပပြုခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ Htoo Zoos and Gardens Business Unit ၏ Chief Executive Officerနှင့် တကွ မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ ၊မြန်မာ့သစ်လုပ်ငန်းမှ ဆင်ဆေးကုဆရာဝန်၊တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)၊ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၊ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)တို့မှ အုပ်ချုပ်ရေးမှူးများနှင့် တိရစ္ဆာန်ဆေးကုဆရာဝန်များ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ကြပြီး ဥယျာဉ်အတွင်းထိန်းသိမ်းစောင့်ရှောက်ထားသော တိရစ္ဆာန်များ၏ ပြကွက်တစ်ခုချင်းအလိုက် လိုအပ်သော ပြုစုစောင့်ရှောက်မှူနှင့် စီမံအုပ်ချုပ်မှုများအား တိရစ္ဆာန်ထိန်းသိမ်းရေးဝန်ထမ်းများနှင့် အသေးစိတ်မေးမြန်းပြီး လိုအပ်သည့် ညွှန်ကြားမှုများကိုDr. Visit ( Zoo Park Organization Thailand−ZPOT) မှ အသေးစိတ်ညွှန်ကြားမှုများပြုလုပ်ခဲ့ကြပြီး တိရစ္ဆာန်ဥယျာဉ်များ၏ ကျန်းမားရေးစောင့်ရှောက်မူ ပိုမို ကောင်းမွန််လာစေရန် အတူတကွပူးပေါင်း ဆောက်ရွက်ခဲ့ကြပါသည်။ ထို့အပြင် သားပေါက်ရန်ရှိသည့် ရေမြင်းများအတွက်လည်း...
တိရစ္ဆာန်ဥယျာဉ်ချစ်သူများနေ့ ( Zoo Lovers Day ) 🗓️နှစ်စဉ် ဧပြီလ (၈) ရက်နေ့သည် တိရစ္ဆာန်လေးများ နှင့် သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားချစ်မြတ်နိုးသူများ ၊ တိရစ္ဆာန်လေးများ နှင့် သဘာဝပတ်ဝန်းကျင်ကို တည်မြဲစွာ ရှင်သန် ရပ်တည်နိုင်ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကြိုးပမ်းအားထုတ်နေသူများမှ တိရိစ္ဆာန်ချစ်သူများနေ့ ( Zoo Lovers Day ) နေ့အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ် ။ 💁 💚ဤနေ့တွင် တိရစ္ဆာန်ဥယျာဉ်များ၏ အရေးပါမှုကို မီးမောင်းထိုးပြခြင်း၊ တိရစ္ဆာန်လေးများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်အသိပညာပေးခြင်း၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များတွင် လူအများပူးပေါင်းပါဝင်လာစေရန် အသိပညာပေးခြင်း အစီအစဉ်များကို တိရစ္ဆာန်ဥယျာဉ်များတွင် ပြုလုပ်ကြခြင်းဖြစ်ပါသည်။💁 🐯🐼တိရစ္ဆာန်ဥယျာဉ်များတည်ရှိနေရခြင်းသည် လူအများအား ပြသဖျော်ဖြေရန်ရည်ရွယ်ချက် တစ်ခုတည်းသာမကဘဲ သဘာဝထိန်းသိမ်းရေးဌာနများ (Conservation Centers) အဖြစ်ရပ်တည်ကာ မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နေသော တိရစ္ဆာန်များ အတွက် ခိုလှုံစရာနေရာများ၊ သုတေသနဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန် ဗဟိုဌာနများ၊ လူထု သင်ကြားရေးအတွက် အထောက်အကူပြုဌာနများ၊ မျိုးဆက်ပျံ့ပွားရေးအတွက်မွေးမြူရေးဌာနများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများအတွင်း တိရစ္ဆာန်များ ပြန်လည်စေလွှတ်ရေး လုပ်ငန်းစဉ်များကို ပြုလုပ်နိုင်ရန်အတွက် ဖြစ်ပါသည် ။ 💁 💚တိရစ္ဆာန်ဥယျာဉ်များ၏ အဓိကအခန်းကဏ္ဍမှာ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသော တိရစ္ဆာန် များကို ထိန်းသိမ်းကာကွယ်ထိန်းသိမ်းခြင်း၊ မျိုးပွားထုတ်လုပ်ခြင်း (Captive...
💦သင်္ကြန်ရုံးပိတ်ရက်အတွင်း အများပြည်သူများ အပန်းဖြေအနားယူနိုင်စေရန် တိရစ္ဆာန်ဉယျာဉ် ( နေပြည်တော် ) အား နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ နေ့စဉ် နေ့တိုင်း ပိတ်ရက်မရှိဖွင့်လှစ်ထားကြောင်းကို အသိပေး ကြေညာအပ်ပါတယ်ရှင် ။ 🙆💚 ▪️တိရစ္တာန်ဉယျာဉ် ( နေပြည်တော် ) ရဲ့ ပိုစ့်များကြောင့် အရေးကြီးသတင်းများဖုံး၍ စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့ရင် အနူးအညွန့် တောင်းပန်အပ်ပါတယ်ရှင် ။🙇♀️💚 #naypyitawzoological #thingyan #ပိတ်ရက်မရှိဖွင့်လှစ်ပါသည်
💦💚 မြန်မာ့နှစ်သစ်ကူးအချိန်အခါသမယလေးမှာ မြန်မာပြည်သူ ပြည်သားများအားလုံး နှစ်သစ်ကို ကောင်းခြင်းမင်္ဂလာတွေနှင့် ဖြတ်သန်းနိုင်ပြီး လိုအင် ဆန္ဒအဝဝ ပြည့်စုံနိုင်ကြပါစေ ၊ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်ကြပါစေ ၊ အစစ အရာရာ အဆင်ပြေပါစေကြောင်း တိရစ္ဆာန်ဉယျာဉ် ( နေပြည်တော် ) မိသားစုမှဆုတောင်း မေတ္တာပို့သအပ်ပါတယ်ရှင်။🙆💚 #NaypyitawZoologicalGarden #နှစ်သစ်ဆုတောင်း
ကမ္ဘာ့ပင်ဂွင်းများနေ့ (World Penguin Day) 25 April 🗓️နှစ်စဉ် ဧပြီလ(၂၅) ရက်နေ့သည် ကမ္ဘာပေါ်တွင် အထူးခြားဆုံးနှင့် မပျံသန်းနိုင်သော ရေနေငှက်တစ်မျိုးဖြစ်သည့် ချစ်စဖွယ်လမ်းလျှောက်ပုံစံတို့ကြောင့် လူအများက စိတ်ဝင်တစား ချစ်ခင်ကြသော ပင်ဂွင်းငှက်လေးများအကြောင်းကို ဗဟုသုတရရှိစေရန်၊ ပင်ဂွင်းငှက်လေးတို့နေထိုင်မှု သဘာဝကိုနားလည်စေရန်နှင့် ပင်ဂွင်းငှက်လေးတို့၏ နေထိုင်ရာအသိုက်အမြုံလေးတွေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရန် အသိပညာမျှဝေပေးသည့် နေ့တစ်နေ့ပဲဖြစ်ပါတယ်။ 🙆💚 🥰🥰ပင်ဂွင်းငှက်လေးများသည် တောင်ပံအစား ရေကူးတွင်ကူးခတ်နိုင်စေရန် ရေယက်များသာ ပါရှိပြီး မပျံသန်းနိုင်သော ရေနေငှက်တစ်မျိုးပဲဖြစ်ပါတယ်။ ပင်းဂွင်းငှက်လေးတို့၏ခန္ဓာကိုယ်သည် ရေကူး နိုင်ရန်နှင့် ရေငုပ်နိုင်ရန်အတွက် လိုက်လျောညီထွေရှိသည့် ပုံစံရှိပြီး အချို့သော ပင်ကွင်းမျိုးစိတ် များသည် တစ်နာရီလျှင် (၁၅) မိုင်နှုန်းခန့် ကူးခပ်နိုင်ပါတယ်။ ပင်ဂွင်းငှက်လေးများသည် ကြီးမား သည့်ဦးခေါင်းနှင့် တိုသောလည်ပင်း၊ ရှည်လျားသည့်ခန္ဓာကိုယ်ပုံစံရှိပြီး မာကြော၍တိုသည့်အမြှီး သည် ကောင်းစွာမတ်တပ်ရပ်နိုင်စေရန်နှင့် ခန္ဓာကိုယ် ဟန်ချက်ညီစေရန် အထောက်အကူ ပြုပေးပါတယ်။ ချစ်စရာပင်ဂွင်းငှက်ငယ်လေးများသည် အနက်ရောင် ကိုယ်ထည်နှင့် အဖြူရောင်ဝမ်းဗိုက်ရှိပြီး မျိုးစိတ်ကွဲ တစ်မျိုးချင်းစီအလိုက် ကွဲပြားခြားနားသည့် အရောင်နှင့်ပုံစံမျိုးရှိကြပါတယ်။ 💁💚 👉ပင်ဂွင်းမျိုးစိတ် (၁၈) မျိုးတွင်၊ ပင်ဂွင်းမျိုးစိတ် (၁) မျိုးမှလွဲ၍ ကျန်မျိုးစိတ်အားလုံးသည်...
💚တန်ဖိုးထားဖွယ်ရာ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့ ✨ 👷♀️နှစ်စဉ် မေလ (၁) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (International Labour Day) အဖြစ် သတ်မှတ်ဂုဏ်ပြုထားပါတယ်။🙆💚 👷ယခုကျရောက်သော မေလ (၁)ရက်နေ့သည် ၁၃၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ ဝန်ထမ်းများနှင့်အတူ နေပြည်တော် ဆာဖာရီ ဉယျာဉ်မှာ သက်ဆိုင်ရာနယ်ပယ်အသီးသီး၌ ကျရာတာဝန်ကို အားထုတ် ဆောင်ရွက်နေကြပါသော ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုများကို တန်ဖိုးထားစွာဖြင့် လေးစားစွာဂုဏ်ပြုလိုက်ပါတယ် ။ 🙇♀️💚 👉အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက်တွေမှာလည်း နေပြည်တော် ဆာဖာရီ ဉယျာဉ်ကို နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ နေ့စဉ် ဖွင့်လှစ်ပေးထားတာပဲဖြစ်ပါတယ် ။ ဒါကြောင့် အားလပ်ရက်တွေမှာ ချစ်ခင်ရသော မိသားစု၊ သူငယ်ချင်းများနှင့်အတူ လာရောက်လည်ပတ်ရင်း အပန်းဖြေအနားယူဖို့ ဖိတ်ခေါ် လိုက်ရပါတယ်။💁🥰💚 #Internationallabourday #Naypyitawsafari
အပြည်ပြည်ဆိုင်ရာကျားသစ်များနေ့ ✨ International Leopard Day (May-3rd) 💚အပြည်ပြည်ဆိုင်ရာကျားသစ်များနေ့သည် မေလ ၃ ရက်နေ့တွင် နှစ်စဉ်ကျင်းပလေ့ရှိသော နေ့ထူး နေ့မြတ်တစ်ခုဖြစ်ပြီး ကျားသစ်များ၏ အရေးပါမှုနှင့် မျိုးသုဉ်းပျောက်ကွယ်ခြင်းမှ ထိန်းသိမ်းကာကွယ်ရန် လိုအပ်ချက်များကို ကမ္ဘာတစ်ဝှမ်းအား အသိပညာပေးရန် ရည်ရွယ်ခြင်း ဖြစ်ပါတယ်ရှင် ။💁✨ 💚အပြည်ပြည်ဆိုင်ရာကျားသစ်များနေ့ကို ၂၀၂၃ ခုနှစ် မတ်လတွင် ပထမဆုံးအကြိမ်အဖြစ် မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပခဲ့သော Global Leopard Conference တွင် အဖိုးတန် အမွေအနှစ်အဖြစ် တရားဝင်သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ် ။ ထိုညီလာခံ တွင် သုတေသီများ၊ ကျောင်းသားများ၊ သဘာဝထိန်းသိမ်းရေးသမားများနှင့် စိတ်ဝင်စားသူများစွာမှ စည်စည်ကားကား စုဝေးခဲ့ကြပြီး Panthera pardus (ကျားသစ်) အတွက် ပထမဆုံးသော အပြည်ပြည်ဆိုင်ရာ အစည်း အဝေးကြီး တစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။🥰 💚ကျားသစ်များအကြောင်း အချက်အလက်များ 👉 အမည်နှင့် မျိုးစိတ်များ : ကျားသစ်များကို သိပ္ပံအမည်အားဖြင့် Panthera pardus ဟုခေါ်ပြီး မျိုးစိတ်ခွဲများစွာရှိပါသည်။ တချို့မှာ African Leopard, Indian Leopard, Amur Leopard, Arabian Leopard တို့ဖြစ်ကြပါသည်။💁 👉...
‘ ဖွား၊ပွင့်၊ဟော၊စံ၊ဗျာဒိတ်ခံ ’ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ 🙏 ✨ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘုရားရှင်၏ ဂေါတမမြတ်စွာ ဘုရားအလောင်းအလျာ သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူသောနေ့၊ ဘုရားအဖြစ် ပွင့်တော်မူမည့် ဗျာဒိတ်တော်ခံယူသောနေ့၊ သဗ္ဗညုတဉာဏ်တော်ကိုရရှိပြီး ဗုဒ္ဓအဖြစ်ကို ရရှိတော်မူသောနေ့နှင့် ပရိနိဗ္ဗာန်စံလွန်တော်မူသောနေ့တို့ ဖြစ်သည့် နေ့ထူး နေ့မြတ် တစ်ရက်ပင်ဖြစ်ပါသည် ။ 🙏 ✨ ထိုကဲ့သို့ ရက်မြတ်မင်္ဂလာ ကဆုန်လပြည့်နေ့ အခါသမယမှာမြန်မာပြည်သူ ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ဘေးဘယာ ဝေးကွာ၍ အေးချမ်းသာယာသောနိုင်ပါစေကြောင်း တိရစ္ဆာန်ဉယျာဉ် ( နေပြည်တော် ) မိသားစု မှ ဆုမွန်ကောင်း တောင်းအပ်လိုက်ပါတယ်ရှင်🙏 #Naypyizoologicalgarden #ကဆုန်လပြည့်နေ့
မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့ (Endangered Species Day) May 16 😥💔 မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့ကို နှစ်စဉ် မေလတတိယပတ် သောကြာနေ့ တွင် ကျင်းပပြုလုပ်ကြပါတယ်။ တိရိစ္ဆာန်များ၊ အပင်များနှင့် အင်းဆက်ပိုးမွှားအချို့၏ တည်ရှိမှု သည် အလွန်ပျက်စီးလွယ်သည်ကို သတိပေးရန်နှင့်အဖိုးတန်မျိုးစိတ်များကို ကာကွယ်ရန် များစွာ အရေးကြီးကြောင်းကို လေ့လာရန်နှင့် လူသားတို့အား တိုက်တွန်းရန်အတွက် ဤနေ့ကို ဖန်တီးထားခြင်းဖြစ်ပါတယ် 💁💚 🌍💔 "မျိုးသုဉ်းရန်အန္တရာယ်ရှိသော" ဟူသည့် စကားအဓိပ္ပါယ်မှာ လူ (သို့မဟုတ်) ပြင်ပ၏ သက်ရောက်မှုတစ်ခုခုကြောင့် သဘာဝ နေရင်း ဒေသအတွင်းရှိ ဇီဝမျိုးစိတ်တစ်မျိုး၏ အရေ အတွက်သည် စိုးရိမ်ဖွယ်ကောင်းလောက်အောင် အလွန်အမင်းကျဆင်းနေခြင်းကို ဆိုလိုခြင်း ဖြစ်ပါတယ် 💁💚 👉 မျိုးစိတ်ဟုဆိုရာတွင် မျိုးရိုးဗီဇဖလှယ်ခြင်း (သို့မဟုတ်) အပြန်အလှန်ပေါက်ပွားနိုင်သော သတ္တလောကနှင့် ရုက္ခလောကရှိ ဇီဝရုပ်များကိုဆိုလိုခြင်း ဖြစ်ပါတယ် 💁💚 🌍✨ ကမ္ဘာပေါ် ရှိနိုင်ငံများတွင် မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များအား နေရင်းဒေသ နေရာများတွင် အမျိုးသားဥယျာဉ်များတည်ထောင်ထိန်းသိမ်းခြင်း၊ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောများတည်ထောင်ထိန်းသိမ်းခြင်း၊ တိရစ္ဆာန်ဥယျာဉ်နှင့် ပန်းဥယျာဉ်များတည်ထောင်ထိန်းသိမ်းခြင်း စသည့်ထိန်းသိမ်းရေးလုပ်ငန်းများကို နိုင်ငံအလိုက် ကြိုးစားဆောင်ရွက်နေသော်လည်း နေ့စဉ်နှင့် အမျှ နို့တိုက်သတ္တဝါမျိုးစိတ်များ၊ ငှက်မျိုးစိတ်များ၊ ကုန်းနေရေနေနှင့်တွားသွားသတ္တဝါမျိုးစိတ်...
🐢ကမ္ဘာ့လိပ်များနေ့ 🐢 (World Turtle Day) မေလ (၂၃) ရက် 🐢🐢လိပ်များသည် ကမ္ဘာပေါ်တွင် ဒိုင်နိုဆောများ(Dinosaurs) မပေါ်ပေါက်ခင် လွန်ခဲ့သော နှစ်သန်းပေါင်း(၂၀၀) ကျော်ခန့်ကပေါ်ပေါက်ခဲ့ပြီး ရှေးအကျဆုံးသော ထူးဆန်းသည့် တွားသွား သတ္တဝါများပဲဖြစ်ကြပါတယ် ။ လိပ်များသည် ရှေးအစဉ်အဆက်ကပင် လူသားတို့အတွက် အစား အစာနှင့် လူ့အသုံးအဆောင်ပစ္စည်းများတို့ကို တိုက်ရိုက်အားဖြင့် အကျိုးကျေးဇူးပြုလျက်ရှိပြီး လူသားတို့အားအကျိုးမပြုသော အင်းဆက်ပိုးမွှားများအား စားသုံးခြင်း၊ ရေကို ညစ်ညမ်းစေသော ဒြပ်ဝတ္ထုများနှင့် ရေညှိရေမှော်တို့ကိုစားသုံးခြင်းအားဖြင့် လူသားတို့ အသုံးပြုနေသော မြစ်၊ ချောင်း၊ အင်းအိုင်တို့မှ ရေကိုသန့်စင်စေခြင်းဖြင့် လူသားတို့အား သွယ်ဝိုက်သော နည်းများဖြင့် အကျိုးကျေးဇူး ပြုပေးနေခြင်း ဖြစ်ပါတယ် ။ ထိုကဲ့သို့ အကျိုးကျေးဇူးများအပြင် သဘာဝဂေဟစနစ်တွင် ချိန်ခွင် လျှာညီမျှစေရန် တာဝန်တစ်ရပ်ကိုလည်းထိန်းကျောင်းပေးလျက်ရှိပြီး လူသားတို့ အလွယ်တကူ မြင်နိုင်စွမ်းမရှိသည့် အဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးများကို အစဉ်ပံ့ပိုးပေးနေသော သတ္တဝါ များပင် ဖြစ်ကြပါသည်။🥰🥰 💁ယခုအခါ ကမ္ဘာပေါ်တွင် ရှင်သန်ကျက်စားနေထိုင်ခဲ့သည့် လိပ်မျိုးစိတ်အများစုသည် လူတို့၏ ပယောဂများဖြစ်သော လိပ်တို့ပေါက်ပွားရှင်သန်ရာ နေရင်းဒေသများ ဆုတ်ယုတ်ပျက်စီး ယိုယွင်းလာစေခြင်း၊ လိပ်နှင့်လိပ်ဥများကို လွန်ကဲစွာရှာဖွေရောင်းချခြင်း၊ စားသောက်ခြင်းနှင့် အခြားသော အသားစားသတ္တဝါများ၏...
💦ကမ္ဘာ့ဖျံများနေ့ ✨ (World Otter Day) 28-May-2025 🎉ကမ္ဘာ့ဖျံများနေ့ (World Otter Day) ကို နှစ်စဉ် မေလ၏ နောက်ဆုံးအပတ် ဗုဒ္ဓဟူးနေ့တွင် ကျင်းပပြုလုပ်ကြပါသည်။ထိုနေ့ကို International Otter Survival Fund (IOSF) မှ စတင် ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။ဖျံများသည် ဂေဟဗေဒစနစ်တွင် လွန်စွာအရေးကြီးပြီး ထိန်းသိမ်းရေးလုပ်ငန်း များလုပ်ဆောင်ရန်၊ အသိပညာမြှင့်တင်ရန်နှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို သိရှိ နိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ကြခြင်းဖြစ်ပါသည်။ 👏👏 💚ဖျံများသည် ကုန်းတစ်ပိုင်းရေတစ်ပိုင်းနေထိုင်သော သတ္တဝါများဖြစ်ပြီး၊ ဆော့ကစား တတ်သော အမူအရာနှင့် ရေနေပတ်ဝန်းကျင်တွင် အရေးပါသော အခန်းကဏ္ဍကြောင့် လူသိများ သော ရေနေနို့တိုက်သတ္တဝါများဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်းတွင် ဖျံမျိုးစိတ် (၁၃) မျိုးရှိပြီး အများစု မှာ ယင်းတို့နေထိုင်ရာ နေရင်းဒေသများဆုံးရှုံးခြင်း၊ လေထုညစ်ညမ်းခြင်းနှင့် တရားမဝင်တော ရိုင်းတိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကားခြင်းတို့ကြောင့် မျိုးသုဉ်မည့်အန္တရာယ်နှင့် ခြိမ်းခြောက် ခံနေရသည်။ ဥပမာအားဖြင့်၊ ပင်လယ်ဖျံများသည် ပင်လယ်ကမ်းရိုးတန်းဂေဟစနစ်ကို ထိန်းသိမ်း ရန်အတွက် အဓိကကျသောမျိုးစိတ် (Keystone Species) မျိုးစိတ်အဖြစ် သတ်မှတ်ထားပါ သည်။ ကမ္ဘာတစ်ဝှမ်းတွင် ဖျံမျိုးစိတ် (၁၃) မျိုးရှိပြီး၊ ယင်းတို့...
✨အပြုံးလေး တချက်နဲ့တင် အားလုံးရဲ့ အချစ်တော်လေး ဖြစ်သွားစေမယ့် စူပါစတားအသစ်လေး 🤔🤔 🥺💞ပြုံးလိုက်ရင် ချစ်စရာကောင်းကြောင်းကို သက်သေပြပေးမယ့် နေပြည်တော် တိရစ္ဆာန်ဉယျာဉ်၏ စူပါစတားအသစ်လေး ကို ဖခင် ဆင်ကြီး မောင်မောင်လွင် နှင့် မိခင် ဆင်မကြီး မေအုန်းမြင့် တို့မှ 19 ရက် 4 လ 2025 ခုနှစ် မြန်မာ စံတော်ချိန် 23 နာရီ 54 မိနစ်တွင် ဆင်ဘေဘီလေး “ပြုံးမောင်မောင်” ကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်ရှင် 👏🎉 🐘🥰ပျော်ရွှင်မှု၏ ကိုယ်စားပြုအနေနဲ့ မွေးဖွားလာသော ဆင်ဘေဘီလေး “ပြုံးမောင်မောင်” ဟာ တိရစ္ဆာန်ဉယျာဉ်တွေ၏ ရည်ရွယ်ချက်ဖြစ်သော တောရိုင်းတိရစ္ဆာန်များ မျိုးဆက်ပြန့်ပွားရေး အစီအစဉ်အတွင်းတွင် ကျန်းမာ သန်စွမ်းပြီး ညဏ်ရည် ထက်မြက်စွာဖြင့် အောင်မြင်စွာ မွေးဖွားလာခဲ့ခြင်းဖြစ်ပါတယ် 💁💓 🧏♀️🐘အပြုံးလှလှကလေးဖြင့် ချစ်စဖွယ်အလွန်ကောင်းသော ဆင်ဘေဘီလေး “ပြုံးမောင်မောင်”ကို နေပြည်တော် တိရစ္ဆာန်ဉယျာဉ်အတွင်းတွင် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူများမှ ချစ်ခြင်းမေတ္တာများဖြင့် ဂရုတစိုက် မွေးမြူ စောင့်ရှောက် ထားပြီ ဖြစ်လို့ စိတ်ဝင်တစားဖြင့် လာရောက် ကြည့်ရှုလိုပါက တိရစ္ဆာန်ဉယျာဉ် (...
🎖️Htoo Zoos and Gardens Business Unit၊ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) နှင့် BANCA (Biodiversity and Nature Conservation Association)၊ တို့ပူးပေါင်း၍ မြန်မာနိုင်ငံ အတွင်း လင်းတထိန်းသိမ်းရေးလုပ်ငန်းများရှင်းလင်းတင်ပြခြင်းနှင့်အနာဂတ်တွင် အတူတကွပူးပေါင်း၍ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ် ငန်းများ ပိုမိုဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါတယ် 🥰🥰 💁💁♂️အစည်းအဝေးတွင် BANCA မှ တာဝန်ရှိသူ (၃)ဦး နှင့် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မှ အုပ်ချုပ်ရေးမှူး၊ တိရစ္ဆာန်ဆေးကုသဆရာဝန်များ၊ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်မှု တာဝန်ရှိသူများ၊ ပညာပေးဌာနတို့မှ အသီးသီး အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် ရလာဘ်များရရှိစေရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါတယ်ရှင် 🙆🙆 #naypyitawsafari
Copyright 2018. All rights reserved.